Skip to main content

Posts

COVID 19 နှင့် ပါတ်သက်၍

ဒီနေ့တော့ ညောင်လေးပင်ကနေ ရန်ကုန်ကို ပြန်ရောက်ပြီ။ သင်္ကြန်မတိုင်ခင် မတ်လ ၂၅ ရက်နေ့ကတည်းက ရုံးက ၁၀၀ ရာခိုင်နှုန်း အိမ်မှာပဲ အလုပ်လုပ်ကြရတော့မယ်ဆိုလို့ ပြန်သွားလိုက်တာ ဒီနေ့တော့ မနက် ၈ နာရီလောက် ပြန်ရောက်ပြီ။ ရုံးကလည်း မေလ ၇ သို့ မဟုတ် ၁၁ ရက်နေ့မှ ရုံးကို ၅၀-၅၀ ပြန်တက်ရမလားတော့ မသိဘူး။ ကျန်တဲ့ ကုန်ထုတ်ဆိုင်ရာ ဌာနတွေတော့ မနက်ဖြန် ဧပြီ ၂၀ ဆို ပြန်ဆင်းရပြီ။ ဒီကြားထဲတော့ အိမ်မှာ မပြီးပြတ်သေးတဲ့ Program ၂ ခု လက်စသတ်ပေးရမယ်။ ဗိုင်းရပ်စ်က ကပ်ရောဂါ အဖြစ် WHO ကနေ ကြေငြာ နိုင်ငံ အတော်များများလည်း ကူးစက်ပျံနှံ့ပြီး မြန်မာနိုင်ငံမှာလည်း ဆယ်ဂဏန်းက ရာဂဏန်း ဖြစ်လာပြီ။ ဘာပဲ ဖြစ်ဖြစ် တစ်ခြားမြို့နယ်တွေလို တာမွေက အရမ်း အဆိုးရွားကြီးတော့ မဟုတ်သေးဘူး။ တိုက်ခန်းမှာက တစ်ယောက်တည်း ဆိုတော့ ၂၁ ရက် Home Quarantine လုပ်သလိုပါပဲ။ အမေနဲ့ မဟေသီကလည်း စားဖို့ သောက်ဖို့ အပြည့်အစုံ အခြောက်အခြမ်းလေးတွေတော့ ထည့်ပေးလိုက်တယ်။ တစ်ခုပဲ ကြောက်တာ တစ်ယောက်တည်းဆိုတော့ မတော်တဆ Lock Down ရယ် နောက် လကုန်လောက်ကို ဒီထပ်ပိုဆိုးသွားရင် သွားလို့လာလို့မရနဲ့။ I'm Legend ထဲက Will Smith လိုပဲ။ ခွေးတော့ မရှိဘူး။ ဪ အခက်အခဲ ဖြစ်နေပါတယ်ဆ...
Recent posts
ဝယ်ချင်တာတွေကများနေတယ်။ လက်ရှိမှာ အဝယ်ချင်ဆုံးက ဖုန်း။ Google Pixel 3 64GB လောက်ဆို မဆိုပါဘူး။ အမှန်ကတော့ အခုအချိန်မှာ လိုချင်တာပဲ ရှိတာပါ။ တကယ်လိုအပ်တဲ့ ပစ္စည်းကတော့ မရှိသေးပါဘူး။ ပုံမှန်စုဖြစ်တယ်။ စုတာကလည်း အခုမှ စပြီး ပြန်စုဖြစ်တာ ၆ လလောက်ပဲရှိအုံးမယ်။ အခု တစ်လောတော့ အတော် ပျင်းနေတယ်။ စိတ်ကူးတာများပြီး လက်တွေ့မှာ ဘာမှ အာရုံစိုက်ပြီး မလုပ်နိုင်သေးဘူး။ တစ်နေရာကို ရောက်ဖို့ တစ်ခုခုလုပ်ဖို့ ရည်မှန်းချက်တော့ထားတာပဲ။ ဒါပေမယ့် အဲ့နေရာကိုသွားဖို့အတွက် ခြေလှမ်း တစ်လှမ်း၊ လှေကားတစ်ထစ်တောင် မလှမ်း ဖြစ်သေးဘူး။ ကိုယ့်ကိုယ်ကို သိပြီး မပြင်နိုင်တာ အတော်ဆိုးတာပဲ။ App တွေဖုန်းထဲသွင်းထားပြီး တကယ်တမ်းကြ လိုက်မလုပ်ဖြစ်တာ အတော်ကြာပြီ ဥပမာ ၇မိနစ်စာ လေ့ကျင့်ခန်းလုပ်တာ။ နေ့တိုင်း ဘုရားရှိခိုး တရားထိုင်တာ။ စိတ်ထဲမှာတော့ ငါ ဒီနေ့လုပ်မယ်ဆိုပြီး တကယ်တမ်းကြတော့ ရုပ်ရှင်ကြည့်ဖြစ်တာ နဲ့ပဲ အချိန်ကုန်နေတယ်။ ကတိပေးထားပြီး မတည်သလိုပဲ။ အင်တာနက်ဖိုးကလည်း တော်တော် အကုန်များတယ်။ ဗီဒီယို ကြည့်တာနဲ့ အချိန်ကုန်ပြီးသွားရင်လည်း ငါကွာ မကြည့်ဘဲ တစ်ခြားဟာ လုပ်လိုက်ရင် ကောင်းသားဆိုတဲ့ နောင်တလည်း ရတယ်။ ဒါပေမယ့် ပိုက်ဆံနည်းနည်း...

Myanmar Unicode Area အတွက် Logo ပုံစံ အသစ်

dotted circle က မြန်မာယူနီကုဒ်အတွက် အရေးပါတဲ့ အရာမိုလို့သုံးလိုက်တာ ယူနီကုဒ်ကိုယ်စားအနေနဲ့လည်းပါတယ်။ နောက်ပြီး ဧရိယာကိုလည်း ကိုယ်စားပြုတယ်။(မြေပုံမှာပြရင် တိုင်းတာမှုက ဧရိယာအကျယ်ဘယ်လောက်ရှိတယ်ဆိုတာ အဝိုင်းပုံလေးတွေနဲ့ပြတယ်လေ) ကကြီးကတော့ မြန်မာစာလုံးပေါ့ (ရေးနေရင်းနဲ့တောင် စက်ဝိုင်းပုံစံလုပ်မလားစဉ်းစားမိသေးတယ်။ မြန်မာစာလုံးတွေက ဝလုံးကို အခြေခံပြီး ဆွဲတာကို)  mua ရဲ့ စာလုံးကို ပုံပေါ်အောင် လိုင်းတွေနဲ့ ချိတ်ဆက်လိုက်တယ် ( အဲ့ဒိလိုင်းဆွဲတာတော့ သေသေချာချာ ပြန်ဆွဲရအုံးမယ်) မြန်မာနိုင်ငံကမိုလို့ ဝါ စိမ်း နီ ကို ဖြည့်ထားတယ်။ အပြာရောင်ကတော့ ဝါစိမ်းနီနဲ့လိုက်ဖက်လို့ရယ် မိုးကောင်းကင်နဲ့ တစ်ခြားသော ကောင်းတဲ့အချက်တွေကို ရည်ညွှန်းပြီးဆွဲလိုက်တယ်။ အခု logo ကတော့ logo တစ်ခု ရှိသင့်ရှိထိုက်တဲ့ အချက်လေးတွေ တော်တော်များများ ထည့်ဆွဲထားပါတယ်။ ဥပမာ Golden Ratio နဲ့ကိုက်ပြီးတော့ဆွဲတယ်။ Black and White သုံးမယ်ဆိုလည်း အဆင်ပြေအောင်ရယ် ဖော်ပြချင်တဲ့အရာကို ပေါ်လွင်အောင်ရယ် ထည့်ဆွဲထားတာတွေပေါ့ဗျာ ဒါကတော့ Letter Head တို့ ပုံနှိပ်ထုတ်ဝေရင်သုံးမယ့် ပုံစံငယ်ပေါ့။ ဒီဇိုင်းထွက်လာဖို့ကို ရှေ့မှာ ပုံစံတွေအမ...

မြန်မာ ယူနီကုဒ် နဲ့ ပတ်သက်သမျှ - ၁

အင် ... ကျွန်တော်လည်း မအားတာရယ် ပျင်းတာရယ်နဲ့ မရေးဖြစ်တာ ကြာပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ blogspot လေးကို အလည်လာရင်း စိတ်ထဲရှိလို့ရေးလိုက်ပါတယ်။ အိမ်-ရုံး-အိမ်-နယ်-အိမ်-ရုံး-အိမ် ဆိုတော့ ဘယ်မှလဲ မသွားဖြစ်တော့ဘူးပေါ့ဗျာ ... ။ ညည အိမ်ပြန်ရောက်ရင်လည်း လုပ်စရာရှိတာလေး လုပ်ပြီး တီဗွီ ထိုင်ကြည့် ... ၁၀ ခွဲ ၁၁ လောက်ဆို အိပ် ... မနက်ကို ၇ နာရီလောက်ထ ရုံးသွားဖို့ပြင်ဆင် ၉ နာရီ ရုံးရောက် ၆နာရီ ပြန် ၊ ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက်ဆိုပါတော့ဗျာ ... ။ အင် ၂၀၁၅ ထဲတော့ ရောက် ပြီ။ Android Lollipop 5.0.1 လည်း ထွက်သွားပြီ။ ဪ Lollipop ဆိုလို့ Burmese Language အပါအဝင် အခြားသော ဘာသာစကား ၈၄ ခုလောက်ကို အထောက်အပံ့ပေးပါတယ်။ မြန်မာစာကိုတော့ မြန်မာ font သပ်သပ် ထပ်သွင်းစရာမလိုဘဲ ဖတ်နိုင်ပြီပေါ့ဗျာ ... ။ nexus 6 မှာဆိုရင် ဖုန်းတစ်ခုလုံးရဲ့ စာ အားလုံးကို မြန်မာဘာသာ စကားနဲ့ ဖတ်လို့ရသလို ရေးလို့ရနိုင်တယ်ဗျ။ မြန်မာစာလက်ကွက်ပါတစ်ခါတည်း ပါပြီးသားပါ။ nexus 4 တော့ မပြောတတ် ဘူး ။ nexus 5 မှာတော့ ဖတ်လို့ပဲ ရပါတယ်။ မြန်မာစာ လက်ကွက်လို ချင်ရင်တော့ သပ်သပ် ထပ်သွင်းရပါတယ်။ အဲ့ဒိမှာ ဇါတ်လမ်းက စပါပြီ။ ၂၀၀၈-၂၀၀၉ လောက်စလို့ လက်ရှိအချိန်ထိ အ...

နိုင်ငံခြားဇာတ်လမ်းများအား ဗမာစာတန်းထိုး ဘာသာပြန်ခြင်း

မင်္ဂလာပါ ကျွန်တော် Blog မရေးဖြစ်တာတ​ော်တ​ော် ကြာတယ်။ ဒီလိုပါပဲ Facebook နဲ့ ဂိမ်းဆ​ော့ဖို့အတွက်ဆို ဖုန်းဘေလ်က ရှိပေမယ့် အသိပညာ ဗဟုသုတ အတွက်ဆို ဖုန်းဘေလ် မရှိဘူး ဖြစ်နေတယ်။ အကျင့်က မကောင်းတာပါဗျာ။ လောလောဆယ်တော့ ကျွန်တ​ော် ဘာလုပ်ဖြစ်နေလဲဆိုတော့ ကျွန်တော် နိုင်ငံခြား ဗွီဒီယိုတွေရဲ့ စာတန်း ထိုးတွေကို ဗမာစတန်းထိုး ဘာသာလိုက်ပြန်နေတယ်။ ဘာသာပြန်ရတာက အချိန်တော့ကြာတယ်။ တစ်ကား တစ်ကားကို ဘာသာပြန်ရတဲ့ အက​ြောင်းအရေအတွက်က ၂၀၀၀ ကျော်မှာရှိတယ်။ ဒါနဲ့များမင်းကွာ ဗမာစာတန်းထိုးပါပြီးသား ဒီဗွီဒီ အခွေတွေ ဝယ်ကြည့်လို့ရရဲ့သားနဲ့ အချိန်ကုန်လို့ကွာ အရေးမကြီးတဲ့ဟာတွေနဲ့ အချိန်ကုန်နေတယ်လို့ ပြောမယ်ဆိုလည်း အပြောခံရမှာပါပဲ။ အချိန်ကြာတာကတော့ တော်တော်လေးကို ကြာတာဗျာ ... အလုပ်ကလည်း တစ်ဘက်နဲ့ဆိုတော့ ကျွန်တော့်မှာ ညလ​ေးကိုပဲ အချိန်လုပြီး ဘာသာပြန်ရသေးတယ်။ မနက်ကျရင်လည်း ၆:၄၅ လောက် ဖယ်ရီ စီးဖို့ကို ၅ နာရီလောက် ပြန်ထရသေးတယ်။ ညဆို စားပြီးသောက်ပြီး ၉နာရီလောက်က စပြီးလုပ်။ ၁၂ နာရီလောက်ဆိုအိပ် နဲ့ တစ်နေ့ ၃နာရီလောက်နဲ့ ဘာသာပြန်ရတာ။ အဲ့လို ဘာသာပြန်လို့ ဇာတ်လမ်း ပြီးခါနီးလောက်ပြီလို့ မထင်လိုက်နဲ့ဗျို့။ တစ်ဝက်တောင် မကျိုးတဲ့ အပြင်...

မြန်မာယူနီကုဒ် ကို ပြောင်းပြီး ဇော်ဂျီကို လက်လွှတ်လို့ရပြီလား

မင်္ဂလာပါ မိတ်ဆွေ.... မင်္ဂလာပါမိတ်ဆွေ ... မကျေနပ်ရင် အိပ်နေ ... မြူးနေတဲ့ အကိတ်တွေ... (JMe သီချင်းဆိုကြည့်တာပါ)။ ဒီနေ့ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့တွေ ဇော်ဂျီ ကို လက်လွှတ်ပြီး မြန်မာယူနီကုဒ် တစ်မျိုးတည်းကိုပဲ သုံးလို့ရပြီလားဆိုတာကို ကျွန်တော်လက်လှမ်းမှီသလောက်စဉ်းစားကြည့်ပါ့မယ်။ ဟုတ်ကဲ့ ကျွန်တော့်ကိုမေးလာခဲ့ရင်တော့ ပြောင်းလို့ရနေပြီလို့ပဲ ပြောချင်ပါတယ်။ ယူနီကုဒ်တစ်မျိုးတည်းကိုပဲ ပြောင်းသုံးသင့်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုးယခင် နေ့တွေတုန်းကလို Mynamar Unicode က မတည်မငြိမ် ဖြစ်နေတာမဟုတ်ဘဲနဲ့ အခုဆိုရင် Developer တွေက လိုအပ်ချက်တွေကို ပြန်လည်ပြုပြင်ထားတဲ့ အတွက် အတော်အတန်လေးကို ငြိမ်နေပါပြီ။ အရင်တုန်းက ဖုန်းပေါ်မှာတောင် မြန်မာစာကို ဖတ်လို့မရခဲ့တဲ့ အဆင့်ကနေ အခု Android နောက်ဆုံး Version မှာတောင် Myanmar Unicode ကို ဘာ font မှ ထည့်ထပ်စရာမလို ဘာ Root မှ လုပ်စရာမလိုဘဲ ဖတ်လို့ရနေပါပြီ။ ကျွန်တော် ကိုယ်တိုင် Programmer ဆိုပေမယ့် User တစ်ယောက်အနေပဲရှိပါသေးတယ်။ နောက်ပြီး Android Version 4.2.2 ကစပြီး Myanmar Unicode ကို စတင်သုံးမယ်ဆိုရင်တောင် သုံးလို့ရနေပါပြီ။ PC တွေဘက်...

၂၀၁၄-၀၁-၂၉ ညနေ ၃း၃၉

ကဲ ... ဒီနေ့တော့ PHP Project အသစ် Assign ချခံရတယ်ဗျို့။ အင်... C # ဘက်ကတော့ ဘာ Fixes တွေထပ်ထွက်လာအုံးမလဲတော့ မသိဘူး။ ဒါတောင် ပြင်ဖို့ တစ်ခုကျန်သွားလို့။ ဪ ကျွန်တော် အခု ဒီ Post ကိုရေးနေတဲ့အချိန်နဲ့ Blog ကို Create လုပ်တဲ့ အချိန်နဲ့ကြားထဲမှာ တော်တော်လေး ဘာမှမတင်ဘဲ ထားထားတာ ၂ နှစ်လောက်တောင်ကြာသွား။ ကြာဆို စင်္ကာပူကနေ မြန်မာပြည်ကို ပြန်လာခဲ့တာကို...။ ရန်ကုန်ကို ပြန်ရောက်တော့ သိတဲ့ အတိုင်း Connection က မကောင်း၊ Internet ဆိုင်ကလည်း သိပ်မထိုင်ဖြစ်နဲ့... ရေးတဲ့ဘက်ဆီကို အချိန်မရောက်တော့ဘူးပေါ့ဗျာ..။ အဲ့ဒါနဲ့ပဲ ဟိုအလုပ်လျှောက် ဒီအလုပ်လျှောက်ရင်း ကံကောင်းစွာနဲ့ KMD မှာ Programmer အနေနဲ့ အလုပ်ရခဲ့တယ်ပေါ့ဗျာ..။ Interview မှာ HDSE သင်တန်းတုန်းက ဆရာမနဲ့တွေ့ပြီး SoftComm Technology ကိုရောက်သွားတာပေါ့..။ အဲ့ဒိမှာကစလို့ Programmer ရဲ့ ဘဝကိုစခဲ့တယ်လိုပဲ ဆိုပါစို့။ အဲ့ဒိက ရတဲ့ ပညာနဲ့ အခုအထိ အလုပ်လုပ်နေတယ်ပေါ့ဗျာ...။ ၂ နှစ်လောက် KMD မှာ လုပ်ပြီးသွားတော့ ၂၀၁၂ ၁၂ လပိုင်းလောက်မှာ အချိန်တွေနောက်ကျကုန်မှာစိုးပြီး မနေနိုင်တော့လို့ မိဘကို အတင်းပူဆာပြီး အိမ်ထောင်လေးပြုခဲ့ပြန်တယ်...။ အဲ အိမ်ထောင်မပြုခင် ၃ လလော...