Skip to main content

Posts

Showing posts from 2014

မြန်မာယူနီကုဒ် ကို ပြောင်းပြီး ဇော်ဂျီကို လက်လွှတ်လို့ရပြီလား

မင်္ဂလာပါ မိတ်ဆွေ.... မင်္ဂလာပါမိတ်ဆွေ ... မကျေနပ်ရင် အိပ်နေ ... မြူးနေတဲ့ အကိတ်တွေ... (JMe သီချင်းဆိုကြည့်တာပါ)။ ဒီနေ့ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့တွေ ဇော်ဂျီ ကို လက်လွှတ်ပြီး မြန်မာယူနီကုဒ် တစ်မျိုးတည်းကိုပဲ သုံးလို့ရပြီလားဆိုတာကို ကျွန်တော်လက်လှမ်းမှီသလောက်စဉ်းစားကြည့်ပါ့မယ်။ ဟုတ်ကဲ့ ကျွန်တော့်ကိုမေးလာခဲ့ရင်တော့ ပြောင်းလို့ရနေပြီလို့ပဲ ပြောချင်ပါတယ်။ ယူနီကုဒ်တစ်မျိုးတည်းကိုပဲ ပြောင်းသုံးသင့်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုးယခင် နေ့တွေတုန်းကလို Mynamar Unicode က မတည်မငြိမ် ဖြစ်နေတာမဟုတ်ဘဲနဲ့ အခုဆိုရင် Developer တွေက လိုအပ်ချက်တွေကို ပြန်လည်ပြုပြင်ထားတဲ့ အတွက် အတော်အတန်လေးကို ငြိမ်နေပါပြီ။ အရင်တုန်းက ဖုန်းပေါ်မှာတောင် မြန်မာစာကို ဖတ်လို့မရခဲ့တဲ့ အဆင့်ကနေ အခု Android နောက်ဆုံး Version မှာတောင် Myanmar Unicode ကို ဘာ font မှ ထည့်ထပ်စရာမလို ဘာ Root မှ လုပ်စရာမလိုဘဲ ဖတ်လို့ရနေပါပြီ။ ကျွန်တော် ကိုယ်တိုင် Programmer ဆိုပေမယ့် User တစ်ယောက်အနေပဲရှိပါသေးတယ်။ နောက်ပြီး Android Version 4.2.2 ကစပြီး Myanmar Unicode ကို စတင်သုံးမယ်ဆိုရင်တောင် သုံးလို့ရနေပါပြီ။ PC တွေဘက်...

၂၀၁၄-၀၁-၂၉ ညနေ ၃း၃၉

ကဲ ... ဒီနေ့တော့ PHP Project အသစ် Assign ချခံရတယ်ဗျို့။ အင်... C # ဘက်ကတော့ ဘာ Fixes တွေထပ်ထွက်လာအုံးမလဲတော့ မသိဘူး။ ဒါတောင် ပြင်ဖို့ တစ်ခုကျန်သွားလို့။ ဪ ကျွန်တော် အခု ဒီ Post ကိုရေးနေတဲ့အချိန်နဲ့ Blog ကို Create လုပ်တဲ့ အချိန်နဲ့ကြားထဲမှာ တော်တော်လေး ဘာမှမတင်ဘဲ ထားထားတာ ၂ နှစ်လောက်တောင်ကြာသွား။ ကြာဆို စင်္ကာပူကနေ မြန်မာပြည်ကို ပြန်လာခဲ့တာကို...။ ရန်ကုန်ကို ပြန်ရောက်တော့ သိတဲ့ အတိုင်း Connection က မကောင်း၊ Internet ဆိုင်ကလည်း သိပ်မထိုင်ဖြစ်နဲ့... ရေးတဲ့ဘက်ဆီကို အချိန်မရောက်တော့ဘူးပေါ့ဗျာ..။ အဲ့ဒါနဲ့ပဲ ဟိုအလုပ်လျှောက် ဒီအလုပ်လျှောက်ရင်း ကံကောင်းစွာနဲ့ KMD မှာ Programmer အနေနဲ့ အလုပ်ရခဲ့တယ်ပေါ့ဗျာ..။ Interview မှာ HDSE သင်တန်းတုန်းက ဆရာမနဲ့တွေ့ပြီး SoftComm Technology ကိုရောက်သွားတာပေါ့..။ အဲ့ဒိမှာကစလို့ Programmer ရဲ့ ဘဝကိုစခဲ့တယ်လိုပဲ ဆိုပါစို့။ အဲ့ဒိက ရတဲ့ ပညာနဲ့ အခုအထိ အလုပ်လုပ်နေတယ်ပေါ့ဗျာ...။ ၂ နှစ်လောက် KMD မှာ လုပ်ပြီးသွားတော့ ၂၀၁၂ ၁၂ လပိုင်းလောက်မှာ အချိန်တွေနောက်ကျကုန်မှာစိုးပြီး မနေနိုင်တော့လို့ မိဘကို အတင်းပူဆာပြီး အိမ်ထောင်လေးပြုခဲ့ပြန်တယ်...။ အဲ အိမ်ထောင်မပြုခင် ၃ လလော...

ပြန်လည်ဝင်ရောက်ခြင်း

ကျွန်တော် ငြိမ်းချမ်း blog တစ်ခုဆောက်ပြီး အရေးတယူနှစ်နဲ့ချီကြာပါပြီး။၂၀၁၂ခုနှစ်က နောက်ဆုံးတင်ခဲ့တယ်ဆိုတာတောင် ဒီညမှ မျက်စိလည် လမ်းမှားမအိပ်ဘဲဝင်ကြည့်လို့ ရောက်လာပြန်ပါပြီ။ ၂နှစ်အတွင်းဖြစ်ခဲ့တာတေွကတော့ နောက်မှအတိုးချတင်မယ်ဗျို့ ...။ လောလောဆယ်တော့ ဦးနီကိုဒီ(Unicode) လေးနဲ့ Android 4.4.2  KitKat ကနေစမ်းရင်းတင်လိုက်တာပါ...။ ၂၀၁၄.၀၁.၂၉ - ဗုဒ္ဓဟူးနေ့ မနက် ၀၂ ၃၉နာရီ ငြိမ်းချမ်း