ဒီနေ့တော့ ညောင်လေးပင်ကနေ ရန်ကုန်ကို ပြန်ရောက်ပြီ။ သင်္ကြန်မတိုင်ခင် မတ်လ ၂၅ ရက်နေ့ကတည်းက ရုံးက ၁၀၀ ရာခိုင်နှုန်း အိမ်မှာပဲ အလုပ်လုပ်ကြရတော့မယ်ဆိုလို့ ပြန်သွားလိုက်တာ ဒီနေ့တော့ မနက် ၈ နာရီလောက် ပြန်ရောက်ပြီ။ ရုံးကလည်း မေလ ၇ သို့ မဟုတ် ၁၁ ရက်နေ့မှ ရုံးကို ၅၀-၅၀ ပြန်တက်ရမလားတော့ မသိဘူး။ ကျန်တဲ့ ကုန်ထုတ်ဆိုင်ရာ ဌာနတွေတော့ မနက်ဖြန် ဧပြီ ၂၀ ဆို ပြန်ဆင်းရပြီ။ ဒီကြားထဲတော့ အိမ်မှာ မပြီးပြတ်သေးတဲ့ Program ၂ ခု လက်စသတ်ပေးရမယ်။ ဗိုင်းရပ်စ်က ကပ်ရောဂါ အဖြစ် WHO ကနေ ကြေငြာ နိုင်ငံ အတော်များများလည်း ကူးစက်ပျံနှံ့ပြီး မြန်မာနိုင်ငံမှာလည်း ဆယ်ဂဏန်းက ရာဂဏန်း ဖြစ်လာပြီ။ ဘာပဲ ဖြစ်ဖြစ် တစ်ခြားမြို့နယ်တွေလို တာမွေက အရမ်း အဆိုးရွားကြီးတော့ မဟုတ်သေးဘူး။ တိုက်ခန်းမှာက တစ်ယောက်တည်း ဆိုတော့ ၂၁ ရက် Home Quarantine လုပ်သလိုပါပဲ။ အမေနဲ့ မဟေသီကလည်း စားဖို့ သောက်ဖို့ အပြည့်အစုံ အခြောက်အခြမ်းလေးတွေတော့ ထည့်ပေးလိုက်တယ်။ တစ်ခုပဲ ကြောက်တာ တစ်ယောက်တည်းဆိုတော့ မတော်တဆ Lock Down ရယ် နောက် လကုန်လောက်ကို ဒီထပ်ပိုဆိုးသွားရင် သွားလို့လာလို့မရနဲ့။ I'm Legend ထဲက Will Smith လိုပဲ။ ခွေးတော့ မရှိဘူး။ ဪ အခက်အခဲ ဖြစ်နေပါတယ်ဆ...