အင် ... ကျွန်တော်လည်း မအားတာရယ် ပျင်းတာရယ်နဲ့ မရေးဖြစ်တာ ကြာပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ blogspot လေးကို အလည်လာရင်း စိတ်ထဲရှိလို့ရေးလိုက်ပါတယ်။ အိမ်-ရုံး-အိမ်-နယ်-အိမ်-ရုံး-အိမ် ဆိုတော့ ဘယ်မှလဲ မသွားဖြစ်တော့ဘူးပေါ့ဗျာ ... ။ ညည အိမ်ပြန်ရောက်ရင်လည်း လုပ်စရာရှိတာလေး လုပ်ပြီး တီဗွီ ထိုင်ကြည့် ... ၁၀ ခွဲ ၁၁ လောက်ဆို အိပ် ... မနက်ကို ၇ နာရီလောက်ထ ရုံးသွားဖို့ပြင်ဆင် ၉ နာရီ ရုံးရောက် ၆နာရီ ပြန် ၊ ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက်ဆိုပါတော့ဗျာ ... ။ အင် ၂၀၁၅ ထဲတော့ ရောက် ပြီ။ Android Lollipop 5.0.1 လည်း ထွက်သွားပြီ။ ဪ Lollipop ဆိုလို့ Burmese Language အပါအဝင် အခြားသော ဘာသာစကား ၈၄ ခုလောက်ကို အထောက်အပံ့ပေးပါတယ်။ မြန်မာစာကိုတော့ မြန်မာ font သပ်သပ် ထပ်သွင်းစရာမလိုဘဲ ဖတ်နိုင်ပြီပေါ့ဗျာ ... ။ nexus 6 မှာဆိုရင် ဖုန်းတစ်ခုလုံးရဲ့ စာ အားလုံးကို မြန်မာဘာသာ စကားနဲ့ ဖတ်လို့ရသလို ရေးလို့ရနိုင်တယ်ဗျ။
မြန်မာစာလက်ကွက်ပါတစ်ခါတည်း ပါပြီးသားပါ။ nexus 4 တော့ မပြောတတ် ဘူး ။ nexus 5 မှာတော့ ဖတ်လို့ပဲ ရပါတယ်။ မြန်မာစာ လက်ကွက်လို ချင်ရင်တော့ သပ်သပ် ထပ်သွင်းရပါတယ်။ အဲ့ဒိမှာ ဇါတ်လမ်းက စပါပြီ။ ၂၀၀၈-၂၀၀၉ လောက်စလို့ လက်ရှိအချိန်ထိ အများဆုံး အသုံးများနေတဲ့ မြန်မာစာ စနစ်က တစ်မျိုး တကယ် နည်းစနစ် မှန်ကန်ပြီး ပိုမို ပြည့်စုံတဲ့ မြန်မာစာ စနစ်က တစ်မျိုး အင် ... မြန်မာလူမျိုး များဟာ ၂ သင်း ၂ဖွဲ့ မကွဲရရင် စားမဝင် အိပ်မပျော် ဘူးနဲ့တူပါတယ်ဗျာ ... ။ ထားပါလေ ...။ သူ့အကြောင်းနဲ့ သူတော့ ရှိမှာပေါ့။
အခု အချိန် ဘောလုံး ကစားနည်း သုံးသပ်ချက်နဲ့ပြောရမယ်ဆိုရင် မြန်မာယူနီကုဒ် အသင်းက အားပေးတဲ့ ပရိတ်သတ်နည်းပြီး အဝေးကွင်းမှာ သွားကန်နေရသလိုပါ။ တစ်ဖက် အသင်းကတော့ လူကြိုက်အားပေးမှုကို အထူးရရှိထားပါတယ်။ ဒါပေမယ့် မြန်မာယူနီကုဒ်ကတော့ ကစားနည်းပညာပိုင်းမှာ တစ်ဘက် အသင်းထက် ခြေစွမ်း ပိုမိုသာလွန်တာကို တွေ့ရမှာပါ။ မြန်မာယူနီကုဒ် အားပေးသူများကလည်း အားမနာတမ်း ပြောရရင် နှမထိ ဓါးကြည့်ဆိုသလို ...

Comments
Post a Comment