Skip to main content

မြန်မာယူနီကုဒ် ကို ပြောင်းပြီး ဇော်ဂျီကို လက်လွှတ်လို့ရပြီလား

မင်္ဂလာပါ မိတ်ဆွေ....

မင်္ဂလာပါမိတ်ဆွေ ... မကျေနပ်ရင် အိပ်နေ ... မြူးနေတဲ့ အကိတ်တွေ... (JMe သီချင်းဆိုကြည့်တာပါ)။

ဒီနေ့ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့တွေ ဇော်ဂျီ ကို လက်လွှတ်ပြီး မြန်မာယူနီကုဒ် တစ်မျိုးတည်းကိုပဲ သုံးလို့ရပြီလားဆိုတာကို ကျွန်တော်လက်လှမ်းမှီသလောက်စဉ်းစားကြည့်ပါ့မယ်။
ဟုတ်ကဲ့ ကျွန်တော့်ကိုမေးလာခဲ့ရင်တော့ ပြောင်းလို့ရနေပြီလို့ပဲ ပြောချင်ပါတယ်။ ယူနီကုဒ်တစ်မျိုးတည်းကိုပဲ ပြောင်းသုံးသင့်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုးယခင် နေ့တွေတုန်းကလို Mynamar Unicode က မတည်မငြိမ် ဖြစ်နေတာမဟုတ်ဘဲနဲ့ အခုဆိုရင် Developer တွေက လိုအပ်ချက်တွေကို ပြန်လည်ပြုပြင်ထားတဲ့ အတွက် အတော်အတန်လေးကို ငြိမ်နေပါပြီ။
အရင်တုန်းက ဖုန်းပေါ်မှာတောင် မြန်မာစာကို ဖတ်လို့မရခဲ့တဲ့ အဆင့်ကနေ အခု Android နောက်ဆုံး Version မှာတောင် Myanmar Unicode ကို ဘာ font မှ ထည့်ထပ်စရာမလို ဘာ Root မှ လုပ်စရာမလိုဘဲ ဖတ်လို့ရနေပါပြီ။
ကျွန်တော် ကိုယ်တိုင် Programmer ဆိုပေမယ့် User တစ်ယောက်အနေပဲရှိပါသေးတယ်။ နောက်ပြီး Android Version 4.2.2 ကစပြီး Myanmar Unicode ကို စတင်သုံးမယ်ဆိုရင်တောင် သုံးလို့ရနေပါပြီ။
PC တွေဘက်မှာသာ မက ကျွန်တော် တို့ရဲ့  Internet Connection ရ မရ စမ်းသပ်တဲ့ Google တောင်မှ  http://www.google.com.mm နဲ့ ကြည့်မယ်ဆိုရင် Myanmar Unicode ကို အသုံးပြုသလို Windows 8, Mac OSX 10 တို့မှာလည်း Myanmar Unicode ကိုထည့်သွင်းပေးလာကြပါပြီ။ နောက်ဆုံး Facebook ဆိုရင်တောင် သူ့ရဲ့  Menu တွေကို မြန်မာလို ပြောင်းလဲပြီး ကြည့်လို့ရနေပါပြီ။ နောက်ပြီး  Facebook ကသူရဲ့ Menu  တွေကို မြန်မာဘာသာစကားကို ပြောင်းလဲပြန်ဆိုခွင့်ကို မိမိကိုယ်တိုင် ဘာသာပြန်ဆိုနိုင်ပါတယ်။ မိမိပြန်ဆိုထားတဲ့ စကားစုဟာလူအများကနှစ်သက်သဘောကျတယ်ဆိုရင် Facebook ကနေအသုံးပြုမှာဖြစ်ပါတယ်။ ဒါပေမယ့်ဘာသာပြန်ဆိုတဲ့အခါမှာတော့ Myanmar Unicode စနစ်ကိုအသုံးပြုထားတဲ့ Font နဲ့ လက်ကွက်အတိုင်ဘာသာပြန်ဆိုခြင်းကိုသာခွင့်ပြုထားပါတယ်။
အခုအချိန်မှာ ကျွန်တော် မြင်တာကတော့ Unicode ကို ပြောင်းလဲဖို့ဆိုရင် သတင်း မီဒီယာ Website တွေ၊ သတင်း Blog တွေကနေ စပြောင်းသင့်တယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုဆို လူတိုင်းက Android, iOS Phone တ​ွေနဲ့ အတော်ကိုရင်းနှီးနေပြီး ဖြစ်တဲ့ အပြင် PC(Laptop, Desktop) သုံးတဲ့ အချိန်၊ လူဦးရေထက်နှိုင်းယှဉ်ရင် ဖုန်းသုံး တဲ့ အရေအတွက်က ပိုပြီးများနေပါတယ်။ Bus ကားစီးရင်ပဲ ဖြစ်ဖြစ်၊ စားသောက်ရင်းပဲဖြစ်ဖြစ်၊ အပြင်ထွက်လည်ရင်ပဲဖြစ်ဖြစ် အလွယ်တကူ သုံးနိုင်ပါတယ်။ နောက်ပြီး အခုအချိန်မှာ လူတွေအများဆုံး အချိန်ယူပြီး သုံးနေကြတာကလည်း Social Media ( Facebook) ပဲလေ။ နောက်ပြီး အခုလို အသုံးပြုနေတာလောက်လေးနဲ့ကတော့ Myanmar Unicode က အသာလေးပါ။ News Media Website
တ​ွေကသာ Myanmar Unicode ကို ပြောင်းလဲ အသုံးပြခဲ့ပြီး သတင်းတွေကို Facebook မှာပဲဖြစ်ဖြစ်၊ တစ်ခြား Social Media တွေ မှာပဲဖြစ်သတင်းတွေကို တင်မယ်ဆိုရင် အခုလက်ရှိ ဇော်ဂျီနဲ့အသုံးပြုထားရတဲ့ ဖုန်းတွေဟာ သူတို့ ဖတ်လို့ရဖို့အတွက်ကို လိုက်ပြီးပြောင်းလာရပါလိမ့်မယ်...။
အခုနောက်ပိုင်း ထွက်ရှိလာတဲ့ Android ဖုန်းတ​ော်တ​ော်များများဟာဆိုရင်လည်း Android 4.2.2 အထက်နဲ့ ဖုန်းတွေတော်တော် များလာတာကိုတွေ့ရမှာပါ။ အဲ့တော့ ယခင်တုန်းကလို Android ဖုန်းမှာ Font Rendering မလုပ်လို့မမြင်ရတာတွေလည်း မရှိတော့ပါဘူး။ နောက်ပြီး Developer သမားတွေလည်း သက်သာသွားပါလိမ့်မယ်။ နောက်မို့ဆို Unicode အတွက်က တစ်ခုရေး Zawgyi အတွက်က တစ်ခုရေး အမျိုးမျိုး အဖုံဖုံးဖြစ်နေရပါလိမ့်မယ်။
Zawgyi နဲ့ Unicode ကို နှိုင်းယှဉ်မယ်ဆိုရင် တော်တော်လေးကို သိသာပါတယ် Unicode မှာ အားသာတဲ့အချက်တွေ အများကြီးရှိပါတယ်။ Unicode သုံးခြင်းအားဖြင့် မြန်မာစာရေးရတာ လွယ်ကူလာမယ်။ တစ်ဖက်က မြန်မာလိုရိုက်မယ်ဆိုရင်တောင် အခြားတစ်ဖက်မှာ Zawgyi Font မရှိရင် လေးထောင့်အကွက်ပြသလိုမျိုး မဖြစ်တော့ပါဘူး။ နောက်ပြီး Sorting စဉ်တဲ့နေရာမှာပိုပြီး တိကျလာမယ်။
လူတ​ော်တ​ော်များများက အခုအချိန်မှာ Myanmar Unicode ဆိုရင် စိတ်မဝင်စားကြပါဘူး။ အဲ့တော့ ကျွန်တော်မြင်တာကတော့ သတင်း မီဒီယာတွေက လိုက်မပြောင်းဘူးဆို နောက်လိုက်သုံးမယ့် End User တွေလည်း လိုက်ပြီး စနစ်အလွဲကို လိုက်သုံးနေရအုံးမှာပဲမဟုတ်လား။
ကျွန်တော့် Blog တစ်ခုမှာ ဖတ်ဖူးတယ်။  Zawgyi Font ကို မကောင်းဘူးပြောတာမဟုတ်ပါဘူး။ Zawgyi Font ကြောင့်သာ ကျွန်တော်တို့ မြန်မာစာ တစ်မျိုးတည်း သို့မဟုတ် အင်္ဂလိပ်လိုတစ်မျိုးတည်း သို့မဟုတ် Myanglish လိုသုံးနေရာကနေ ပိုပြီးလွယ်ကူတဲ့ English Myanmar ၂ မျိုးကို တစ်ပြိုင်နက်တည်း သုံးလာခွင့်ရတယ်။ လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ်လောက်တုန်းကဆို ကျွန်တော် ဒီလိုမျိုးပြောမိမှာ Unicode ကိုပြောင်းသုံးဖို့ ဆန္ဒ ဖြစ်မိမှာ မဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ Myanmar3 Font နဲ့ rdlc Report ထုတ်တဲ့ Program ရေးတဲ့နေရာမှာ တော်တော်လေး အခက်အခဲ တွေ့မိလို့ပါ။ အဲ တစ်ခုတော့ ရှိတယ်။ အခု အဲ့ဒါဆို Myanmar3 Font နဲ့ ထပ်ပြီး Report ပြန်ရေးကြည့်ပါလားဆို
အခုထက်ထိစမ်းတော့မစမ်းကြည့်ရသေးပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်းမှာနေတဲ့သူတွေကတင်မဟုတ်ဘဲ နည်းပညာမှာ အထင်ကရ Company တွေက ကျွန်တော်တို့ဘာသာစကား စာကို အရေးတယူ ဖန်တီးလာပြီဆိုတော့ ကျွန်တော်တို့ အနေနဲ့ Unicode လမ်းကြောင်းပေါ် လျှောက်လှမ်းသင့်ပြီလို့လည်း ထင်ပါတယ်။
နောက်ပြီး မြန်မာစာ ကို သုံးဖို့ဆို အခုလိုကြီးကွဲပြားနေတာ တော်တော်လေးကို မြင်ရကြားရတာ ရုပ်ဆိုးတယ်ဗျ။ သူတို့သုံးတဲ့ စာတောင် အခုလိုကွဲပြားနေတယ်ကွာလို့ နိုင်ငံခြားများက  ဝိုင်းကဲ့ရဲ့ရင် ဘယ်လိုလုပ်မလဲဗျာ။  နောက်ပြီး  တကယ်တမ်းအဲ့လိုသာကွဲနေမယ်ဆို နောက်ထပ် နောက်ထပ် ဖန်တီးမယ့် အရာတွေမှာ ကျွန်တော်တို့စာအတွက် မဖန်တီးပေးတော့ဘဲ နေတော့မှာပေါ့ဗျ...။
အဲ့တော့ ကျွန်တော့်ကို ပြန်မေးကောင်းမေးလိမ့်မယ်။ ဟုတ်ပါပြီ.. သတင်းမီဒီယာတွေက ဒီ Unicode ကို သုံးအောင် ဘယ်လိုများ စည်းရုံးရေးဆင်းမလဲဆိုတာလေး တစ်စိတ်လောက်လင်းစမ်းပါအုံး ငါ့မောင်ရာ ဆို...။ အဲ့ဒီကိစ္စကို ကျွန်တော်စဉ်းစားရအုံးမယ်။ နောက်ပြီး အဲ့ဒီအရာက ကျွန်တော် ကျွမ်းကျင်တဲ့အပိုင်းလည်း မဟုတ်တော့ ... အဲ့ဒိအကြောင်းအရာကို ခေါင်းစဉ်သပ်သပ်နဲ့ ထပ်ပြီးဆွေးနွေးပါရစေဗျာ...။
ဒီတော့ကာ နည်းပညာပိုင်းနဲ့ သုံးစွဲတဲ့ အသုံးပြုသူတွေဘက်ကို နည်းနည်းလေး ပြောရအောင်ဗျာ။ များသောအားဖြင့် တော်တော်များများက Myanmar Unicode ဆိုတာကို Zawgyi လောက် မလွယ်ဘူး။ ရိုက်ရတာ ရှုပ်ယှက်ခက်နေတာပဲ ဆိုပြီးထင်ကြလိမ့်မယ်။ အမှန်တကယ်က သူတို့ထင်ထားတဲ့ အရာက ပိုပြီးတော့တောင် မှတ်သားရများပြီး ပိုပြီးတော့ အမှားများနိုင်ပါတယ်။ Zawgyi မှာ( ု) တစ်ခြောင်းငင်၊ ( ူ) နှစ်ခြောင်းငင် ဆိုတာ အတိုတွေရော အရှည်တွေရောမှတ်သားရပါတယ်။ (့) အောက်ကမြင့်ဆိုပြီး သုံးနေရာလောက်ရှိပါတယ်။ (ှ) ဆိုရင်လည်း အက္ခရာတစ်လုံးတည်းနဲ့ တွဲသုံးရင် အဆင်ပြေပေမယ့် (ြ) ရရစ်တို့နဲ့ (ည) ည တို့နဲ့ဆို ထင်ထင်ရှားရှားမမြင်ရပါဘူး...။
(ဥပမာ အမြှောက်၊ အညွှန့် ၊) တို့ကို Zawgyi နဲ့ ရိုက်ရင် အခုရိုက်ထားသလို ဖတ်လို့ရမှာမဟုတ်ပါဘူး။
ကျွန်တော်တို့ကိုယ်တိုင်လမ်းသစ်ထွင်ခက်ခက်လုပ်နေစရာမလိုပါဘူးဗျာ...။စက်ဘီး၊ဆိုင်ကယ်၊ကား၊မီးရထားတို့ကို ကိုယ်တိုင္်ဖန်တီးပြီးစီးစရာမလိုပါဘူး။အဆင့်သင်လေးအသုံးပြုရုံပါပဲ။

အခုလောက်ဆိုရင်ရင်ပဲ စာက တော်တော်လေးရှည်သွားပြီမို့ နောက်မှ ပဲ ယူနီကုဒ်ရဲ့ ကောင်းနိုးရာရာ ပြကွက်များကို ပြန်လည်ကောက်နုတ် တင်ပြပေးပါအုံးမည်...။

Comments

Popular posts from this blog

နိုင်ငံခြားဇာတ်လမ်းများအား ဗမာစာတန်းထိုး ဘာသာပြန်ခြင်း

မင်္ဂလာပါ ကျွန်တော် Blog မရေးဖြစ်တာတ​ော်တ​ော် ကြာတယ်။ ဒီလိုပါပဲ Facebook နဲ့ ဂိမ်းဆ​ော့ဖို့အတွက်ဆို ဖုန်းဘေလ်က ရှိပေမယ့် အသိပညာ ဗဟုသုတ အတွက်ဆို ဖုန်းဘေလ် မရှိဘူး ဖြစ်နေတယ်။ အကျင့်က မကောင်းတာပါဗျာ။ လောလောဆယ်တော့ ကျွန်တ​ော် ဘာလုပ်ဖြစ်နေလဲဆိုတော့ ကျွန်တော် နိုင်ငံခြား ဗွီဒီယိုတွေရဲ့ စာတန်း ထိုးတွေကို ဗမာစတန်းထိုး ဘာသာလိုက်ပြန်နေတယ်။ ဘာသာပြန်ရတာက အချိန်တော့ကြာတယ်။ တစ်ကား တစ်ကားကို ဘာသာပြန်ရတဲ့ အက​ြောင်းအရေအတွက်က ၂၀၀၀ ကျော်မှာရှိတယ်။ ဒါနဲ့များမင်းကွာ ဗမာစာတန်းထိုးပါပြီးသား ဒီဗွီဒီ အခွေတွေ ဝယ်ကြည့်လို့ရရဲ့သားနဲ့ အချိန်ကုန်လို့ကွာ အရေးမကြီးတဲ့ဟာတွေနဲ့ အချိန်ကုန်နေတယ်လို့ ပြောမယ်ဆိုလည်း အပြောခံရမှာပါပဲ။ အချိန်ကြာတာကတော့ တော်တော်လေးကို ကြာတာဗျာ ... အလုပ်ကလည်း တစ်ဘက်နဲ့ဆိုတော့ ကျွန်တော့်မှာ ညလ​ေးကိုပဲ အချိန်လုပြီး ဘာသာပြန်ရသေးတယ်။ မနက်ကျရင်လည်း ၆:၄၅ လောက် ဖယ်ရီ စီးဖို့ကို ၅ နာရီလောက် ပြန်ထရသေးတယ်။ ညဆို စားပြီးသောက်ပြီး ၉နာရီလောက်က စပြီးလုပ်။ ၁၂ နာရီလောက်ဆိုအိပ် နဲ့ တစ်နေ့ ၃နာရီလောက်နဲ့ ဘာသာပြန်ရတာ။ အဲ့လို ဘာသာပြန်လို့ ဇာတ်လမ်း ပြီးခါနီးလောက်ပြီလို့ မထင်လိုက်နဲ့ဗျို့။ တစ်ဝက်တောင် မကျိုးတဲ့ အပြင်...

မြန်မာ ယူနီကုဒ် နဲ့ ပတ်သက်သမျှ - ၁

အင် ... ကျွန်တော်လည်း မအားတာရယ် ပျင်းတာရယ်နဲ့ မရေးဖြစ်တာ ကြာပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ blogspot လေးကို အလည်လာရင်း စိတ်ထဲရှိလို့ရေးလိုက်ပါတယ်။ အိမ်-ရုံး-အိမ်-နယ်-အိမ်-ရုံး-အိမ် ဆိုတော့ ဘယ်မှလဲ မသွားဖြစ်တော့ဘူးပေါ့ဗျာ ... ။ ညည အိမ်ပြန်ရောက်ရင်လည်း လုပ်စရာရှိတာလေး လုပ်ပြီး တီဗွီ ထိုင်ကြည့် ... ၁၀ ခွဲ ၁၁ လောက်ဆို အိပ် ... မနက်ကို ၇ နာရီလောက်ထ ရုံးသွားဖို့ပြင်ဆင် ၉ နာရီ ရုံးရောက် ၆နာရီ ပြန် ၊ ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက်ဆိုပါတော့ဗျာ ... ။ အင် ၂၀၁၅ ထဲတော့ ရောက် ပြီ။ Android Lollipop 5.0.1 လည်း ထွက်သွားပြီ။ ဪ Lollipop ဆိုလို့ Burmese Language အပါအဝင် အခြားသော ဘာသာစကား ၈၄ ခုလောက်ကို အထောက်အပံ့ပေးပါတယ်။ မြန်မာစာကိုတော့ မြန်မာ font သပ်သပ် ထပ်သွင်းစရာမလိုဘဲ ဖတ်နိုင်ပြီပေါ့ဗျာ ... ။ nexus 6 မှာဆိုရင် ဖုန်းတစ်ခုလုံးရဲ့ စာ အားလုံးကို မြန်မာဘာသာ စကားနဲ့ ဖတ်လို့ရသလို ရေးလို့ရနိုင်တယ်ဗျ။ မြန်မာစာလက်ကွက်ပါတစ်ခါတည်း ပါပြီးသားပါ။ nexus 4 တော့ မပြောတတ် ဘူး ။ nexus 5 မှာတော့ ဖတ်လို့ပဲ ရပါတယ်။ မြန်မာစာ လက်ကွက်လို ချင်ရင်တော့ သပ်သပ် ထပ်သွင်းရပါတယ်။ အဲ့ဒိမှာ ဇါတ်လမ်းက စပါပြီ။ ၂၀၀၈-၂၀၀၉ လောက်စလို့ လက်ရှိအချိန်ထိ အ...

ကျွန်တော့်ရဲ့ဘဝအကြောင်း ၁၆-၂-၂၀၁၂

ကျွန်တော်ရဲ့ ဘဝအကြောင်းလေးကို ဒီလိုမှတ်ထားခြင်တယ်...။ ဒီ blog ကြီးမရှိတော့ရင်ရယ်...။ ကျွန်တော် ဆက်မရေးနိုင်ရင်ရယ်...။ ဒီလိုမှတ်ထားတာတွေက အလကားဖြစ်သွားမလားဆိုတာ နည်းနည်းတော့ စိုးရိမ်တယ်ဗျ...။ ဘယ်အရာမှ မမြဲဘူးဆိုတာ သိပါတယ်...။