Skip to main content

Myanmar Unicode Area အတွက် Logo ပုံစံ အသစ်


dotted circle က မြန်မာယူနီကုဒ်အတွက် အရေးပါတဲ့ အရာမိုလို့သုံးလိုက်တာ ယူနီကုဒ်ကိုယ်စားအနေနဲ့လည်းပါတယ်။ နောက်ပြီး ဧရိယာကိုလည်း ကိုယ်စားပြုတယ်။(မြေပုံမှာပြရင် တိုင်းတာမှုက ဧရိယာအကျယ်ဘယ်လောက်ရှိတယ်ဆိုတာ အဝိုင်းပုံလေးတွေနဲ့ပြတယ်လေ) ကကြီးကတော့ မြန်မာစာလုံးပေါ့ (ရေးနေရင်းနဲ့တောင် စက်ဝိုင်းပုံစံလုပ်မလားစဉ်းစားမိသေးတယ်။ မြန်မာစာလုံးတွေက ဝလုံးကို အခြေခံပြီး ဆွဲတာကို)  mua ရဲ့ စာလုံးကို ပုံပေါ်အောင် လိုင်းတွေနဲ့ ချိတ်ဆက်လိုက်တယ် ( အဲ့ဒိလိုင်းဆွဲတာတော့ သေသေချာချာ ပြန်ဆွဲရအုံးမယ်) မြန်မာနိုင်ငံကမိုလို့ ဝါ စိမ်း နီ ကို ဖြည့်ထားတယ်။ အပြာရောင်ကတော့ ဝါစိမ်းနီနဲ့လိုက်ဖက်လို့ရယ် မိုးကောင်းကင်နဲ့ တစ်ခြားသော ကောင်းတဲ့အချက်တွေကို ရည်ညွှန်းပြီးဆွဲလိုက်တယ်။ အခု logo ကတော့ logo တစ်ခု ရှိသင့်ရှိထိုက်တဲ့ အချက်လေးတွေ တော်တော်များများ ထည့်ဆွဲထားပါတယ်။ ဥပမာ Golden Ratio နဲ့ကိုက်ပြီးတော့ဆွဲတယ်။ Black and White သုံးမယ်ဆိုလည်း အဆင်ပြေအောင်ရယ် ဖော်ပြချင်တဲ့အရာကို ပေါ်လွင်အောင်ရယ် ထည့်ဆွဲထားတာတွေပေါ့ဗျာ

ဒါကတော့ Letter Head တို့ ပုံနှိပ်ထုတ်ဝေရင်သုံးမယ့် ပုံစံငယ်ပေါ့။ ဒီဇိုင်းထွက်လာဖို့ကို ရှေ့မှာ ပုံစံတွေအများကြီး ဆွဲခဲ့ရပါတယ်။ အချိန်တွေလည်း အများကြီးပေးခဲ့ရတယ်။ ဘာပုံမှ ထွက်မလာဘဲနဲ့လဲ တစ်နေကုန်ခဲ့တဲ့ ရက်လည်း ရှိခဲ့တယ်။ ဒီပုံလေးက နှစ်ပေါင်းများစွာ ခိုင်မာပါစေ။ ဒါတော် ဆွဲရတာ ရှုပ်နေသေးတယ်။ တစ်ချို့ဆို သစ်တောက်ငှက်လေးကိုများဆွဲသွားလိုက်တာ ရိုးရိုးရှင်းရှင်းလေး။ တစ်နေ့တော့ အဲ့လိုဆွဲတတ်လာနိုင်မှာပါ။


Credit to : Puffin logo


Comments

Popular posts from this blog

နိုင်ငံခြားဇာတ်လမ်းများအား ဗမာစာတန်းထိုး ဘာသာပြန်ခြင်း

မင်္ဂလာပါ ကျွန်တော် Blog မရေးဖြစ်တာတ​ော်တ​ော် ကြာတယ်။ ဒီလိုပါပဲ Facebook နဲ့ ဂိမ်းဆ​ော့ဖို့အတွက်ဆို ဖုန်းဘေလ်က ရှိပေမယ့် အသိပညာ ဗဟုသုတ အတွက်ဆို ဖုန်းဘေလ် မရှိဘူး ဖြစ်နေတယ်။ အကျင့်က မကောင်းတာပါဗျာ။ လောလောဆယ်တော့ ကျွန်တ​ော် ဘာလုပ်ဖြစ်နေလဲဆိုတော့ ကျွန်တော် နိုင်ငံခြား ဗွီဒီယိုတွေရဲ့ စာတန်း ထိုးတွေကို ဗမာစတန်းထိုး ဘာသာလိုက်ပြန်နေတယ်။ ဘာသာပြန်ရတာက အချိန်တော့ကြာတယ်။ တစ်ကား တစ်ကားကို ဘာသာပြန်ရတဲ့ အက​ြောင်းအရေအတွက်က ၂၀၀၀ ကျော်မှာရှိတယ်။ ဒါနဲ့များမင်းကွာ ဗမာစာတန်းထိုးပါပြီးသား ဒီဗွီဒီ အခွေတွေ ဝယ်ကြည့်လို့ရရဲ့သားနဲ့ အချိန်ကုန်လို့ကွာ အရေးမကြီးတဲ့ဟာတွေနဲ့ အချိန်ကုန်နေတယ်လို့ ပြောမယ်ဆိုလည်း အပြောခံရမှာပါပဲ။ အချိန်ကြာတာကတော့ တော်တော်လေးကို ကြာတာဗျာ ... အလုပ်ကလည်း တစ်ဘက်နဲ့ဆိုတော့ ကျွန်တော့်မှာ ညလ​ေးကိုပဲ အချိန်လုပြီး ဘာသာပြန်ရသေးတယ်။ မနက်ကျရင်လည်း ၆:၄၅ လောက် ဖယ်ရီ စီးဖို့ကို ၅ နာရီလောက် ပြန်ထရသေးတယ်။ ညဆို စားပြီးသောက်ပြီး ၉နာရီလောက်က စပြီးလုပ်။ ၁၂ နာရီလောက်ဆိုအိပ် နဲ့ တစ်နေ့ ၃နာရီလောက်နဲ့ ဘာသာပြန်ရတာ။ အဲ့လို ဘာသာပြန်လို့ ဇာတ်လမ်း ပြီးခါနီးလောက်ပြီလို့ မထင်လိုက်နဲ့ဗျို့။ တစ်ဝက်တောင် မကျိုးတဲ့ အပြင်...

၂၀၁၄-၀၁-၂၉ ညနေ ၃း၃၉

ကဲ ... ဒီနေ့တော့ PHP Project အသစ် Assign ချခံရတယ်ဗျို့။ အင်... C # ဘက်ကတော့ ဘာ Fixes တွေထပ်ထွက်လာအုံးမလဲတော့ မသိဘူး။ ဒါတောင် ပြင်ဖို့ တစ်ခုကျန်သွားလို့။ ဪ ကျွန်တော် အခု ဒီ Post ကိုရေးနေတဲ့အချိန်နဲ့ Blog ကို Create လုပ်တဲ့ အချိန်နဲ့ကြားထဲမှာ တော်တော်လေး ဘာမှမတင်ဘဲ ထားထားတာ ၂ နှစ်လောက်တောင်ကြာသွား။ ကြာဆို စင်္ကာပူကနေ မြန်မာပြည်ကို ပြန်လာခဲ့တာကို...။ ရန်ကုန်ကို ပြန်ရောက်တော့ သိတဲ့ အတိုင်း Connection က မကောင်း၊ Internet ဆိုင်ကလည်း သိပ်မထိုင်ဖြစ်နဲ့... ရေးတဲ့ဘက်ဆီကို အချိန်မရောက်တော့ဘူးပေါ့ဗျာ..။ အဲ့ဒါနဲ့ပဲ ဟိုအလုပ်လျှောက် ဒီအလုပ်လျှောက်ရင်း ကံကောင်းစွာနဲ့ KMD မှာ Programmer အနေနဲ့ အလုပ်ရခဲ့တယ်ပေါ့ဗျာ..။ Interview မှာ HDSE သင်တန်းတုန်းက ဆရာမနဲ့တွေ့ပြီး SoftComm Technology ကိုရောက်သွားတာပေါ့..။ အဲ့ဒိမှာကစလို့ Programmer ရဲ့ ဘဝကိုစခဲ့တယ်လိုပဲ ဆိုပါစို့။ အဲ့ဒိက ရတဲ့ ပညာနဲ့ အခုအထိ အလုပ်လုပ်နေတယ်ပေါ့ဗျာ...။ ၂ နှစ်လောက် KMD မှာ လုပ်ပြီးသွားတော့ ၂၀၁၂ ၁၂ လပိုင်းလောက်မှာ အချိန်တွေနောက်ကျကုန်မှာစိုးပြီး မနေနိုင်တော့လို့ မိဘကို အတင်းပူဆာပြီး အိမ်ထောင်လေးပြုခဲ့ပြန်တယ်...။ အဲ အိမ်ထောင်မပြုခင် ၃ လလော...

မြန်မာ ယူနီကုဒ် နဲ့ ပတ်သက်သမျှ - ၁

အင် ... ကျွန်တော်လည်း မအားတာရယ် ပျင်းတာရယ်နဲ့ မရေးဖြစ်တာ ကြာပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ blogspot လေးကို အလည်လာရင်း စိတ်ထဲရှိလို့ရေးလိုက်ပါတယ်။ အိမ်-ရုံး-အိမ်-နယ်-အိမ်-ရုံး-အိမ် ဆိုတော့ ဘယ်မှလဲ မသွားဖြစ်တော့ဘူးပေါ့ဗျာ ... ။ ညည အိမ်ပြန်ရောက်ရင်လည်း လုပ်စရာရှိတာလေး လုပ်ပြီး တီဗွီ ထိုင်ကြည့် ... ၁၀ ခွဲ ၁၁ လောက်ဆို အိပ် ... မနက်ကို ၇ နာရီလောက်ထ ရုံးသွားဖို့ပြင်ဆင် ၉ နာရီ ရုံးရောက် ၆နာရီ ပြန် ၊ ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက်ဆိုပါတော့ဗျာ ... ။ အင် ၂၀၁၅ ထဲတော့ ရောက် ပြီ။ Android Lollipop 5.0.1 လည်း ထွက်သွားပြီ။ ဪ Lollipop ဆိုလို့ Burmese Language အပါအဝင် အခြားသော ဘာသာစကား ၈၄ ခုလောက်ကို အထောက်အပံ့ပေးပါတယ်။ မြန်မာစာကိုတော့ မြန်မာ font သပ်သပ် ထပ်သွင်းစရာမလိုဘဲ ဖတ်နိုင်ပြီပေါ့ဗျာ ... ။ nexus 6 မှာဆိုရင် ဖုန်းတစ်ခုလုံးရဲ့ စာ အားလုံးကို မြန်မာဘာသာ စကားနဲ့ ဖတ်လို့ရသလို ရေးလို့ရနိုင်တယ်ဗျ။ မြန်မာစာလက်ကွက်ပါတစ်ခါတည်း ပါပြီးသားပါ။ nexus 4 တော့ မပြောတတ် ဘူး ။ nexus 5 မှာတော့ ဖတ်လို့ပဲ ရပါတယ်။ မြန်မာစာ လက်ကွက်လို ချင်ရင်တော့ သပ်သပ် ထပ်သွင်းရပါတယ်။ အဲ့ဒိမှာ ဇါတ်လမ်းက စပါပြီ။ ၂၀၀၈-၂၀၀၉ လောက်စလို့ လက်ရှိအချိန်ထိ အ...