Skip to main content

COVID 19 နှင့် ပါတ်သက်၍

ဒီနေ့တော့ ညောင်လေးပင်ကနေ ရန်ကုန်ကို ပြန်ရောက်ပြီ။ သင်္ကြန်မတိုင်ခင် မတ်လ ၂၅ ရက်နေ့ကတည်းက ရုံးက ၁၀၀ ရာခိုင်နှုန်း အိမ်မှာပဲ အလုပ်လုပ်ကြရတော့မယ်ဆိုလို့ ပြန်သွားလိုက်တာ ဒီနေ့တော့ မနက် ၈ နာရီလောက် ပြန်ရောက်ပြီ။ ရုံးကလည်း မေလ ၇ သို့ မဟုတ် ၁၁ ရက်နေ့မှ ရုံးကို ၅၀-၅၀ ပြန်တက်ရမလားတော့ မသိဘူး။ ကျန်တဲ့ ကုန်ထုတ်ဆိုင်ရာ ဌာနတွေတော့ မနက်ဖြန် ဧပြီ ၂၀ ဆို ပြန်ဆင်းရပြီ။ ဒီကြားထဲတော့ အိမ်မှာ မပြီးပြတ်သေးတဲ့ Program ၂ ခု လက်စသတ်ပေးရမယ်။

ဗိုင်းရပ်စ်က ကပ်ရောဂါ အဖြစ် WHO ကနေ ကြေငြာ နိုင်ငံ အတော်များများလည်း ကူးစက်ပျံနှံ့ပြီး မြန်မာနိုင်ငံမှာလည်း ဆယ်ဂဏန်းက ရာဂဏန်း ဖြစ်လာပြီ။ ဘာပဲ ဖြစ်ဖြစ် တစ်ခြားမြို့နယ်တွေလို တာမွေက အရမ်း အဆိုးရွားကြီးတော့ မဟုတ်သေးဘူး။
တိုက်ခန်းမှာက တစ်ယောက်တည်း ဆိုတော့ ၂၁ ရက် Home Quarantine လုပ်သလိုပါပဲ။ အမေနဲ့ မဟေသီကလည်း စားဖို့ သောက်ဖို့ အပြည့်အစုံ အခြောက်အခြမ်းလေးတွေတော့ ထည့်ပေးလိုက်တယ်။ တစ်ခုပဲ ကြောက်တာ တစ်ယောက်တည်းဆိုတော့ မတော်တဆ Lock Down ရယ် နောက် လကုန်လောက်ကို ဒီထပ်ပိုဆိုးသွားရင် သွားလို့လာလို့မရနဲ့။ I'm Legend ထဲက Will Smith လိုပဲ။ ခွေးတော့ မရှိဘူး။

ဪ အခက်အခဲ ဖြစ်နေပါတယ်ဆိုမှ သင်္ကြန်မတိုင်ခင်က CB Pay ကနေ Myanmar Net WiFi ဧပြီလ အတွက်ကို ၂၄,၀၀၀ သွင်းရမှာ ၂၄၀,၀၀၀  မှားသွင်းမိလိုက်သေးတယ်။ Myanmar Net Customer Service နဲ့ CB Bank Facebook Messenger Call Center ကိုလည်း ပွဲကြမ်းလိုက်ရသေးတယ်။ မကြမ်းလို့ကလည်း မရဘူး။ မတ်လ ၃၀ ရက်နေ့က မှားသွင်းလိုက်တာ။ ဧပြီ ၁ရက်နေ့က Myanmar Net Finance ဘက်က မှားသွင်းကြောင်း ဘဏ်ကနေ ပြန်ထုတ်ပေးဖို့ ဘဏ်ဘက်ကို အကြောင်းကြားပါဆိုလို့ CB Bank  ဘက်ကို တင်လိုက်တယ်။ ဘဏ်ဖွင့်တော့လည်း နီးစပ်ရာ ညောင်လေးပင်ဘဏ်ကို ကိုယ်တိုင်သွားပြီး Complain Form တင်ဖို့ Myanmar Net Customer Service Viber ကပြောလို့  ဧပြီ ၂ရက်နေ့မှာ သွားလိုက်ရသေးတယ်။ CB Call Center ဘက်ကို ဖုန်းလည်း ဆက်တယ်။ CB Bank ဘက်က ဘာမှ မလိုတော့ပါဘူးဆိုလို့ ဒီအတိုင်း ဘာမှ ဆက်မပြောဖြစ်တော့ဘူး။

အဲ့ဒါနဲ့ စောင့်နေလိုက်တာ ၇.၄.၂၀၂၀ လည်း ဘာမှ ဆက် အကြောင်းမကြား Myanmar Net ဘက်ကလည်း အကြောင်းမကြား ဘဏ်ကိုပဲ Complain Form တင်ခိုင်း။ ကြာတော့ လူက ပေါက်လာပြီ။ အဲ့ဒါနဲ့ ၇.၄.၂၀၂၀ မှာ Myanmar Net Customer Service ဘက်က COVID-19 နဲ့ ပါတ်သက်လို့ Mail ဝင်လာတော့ ဖြစ်ကြောင်းကုန်စဉ် ကို Mail ပို့ CB Bank ဘက်လည်း Mail ပို့နဲ့။ ညရောက်တော့ Myanmar Net ဘက်က မှားသွင်းတာကို ပြန်မထုတ်ပေးပါဘူး ဘဏ်ကနေပဲ တောင်းပါဆိုတာ အကြောင်းပြန်တော့ တင်းပြီး စိတ်က မထိန်းနိုင်တော့ဘူး။ ၈.၄.၂၀၂၀ ကိုရောက်တော့ Viber၊ CB Bank၊ Myanmar Net တို့ရဲ့ Call Center တွေအကုန် ဒေါသထွက်ပြီး ပြောတော့မှ Myanmar Net BI Finance ဘက်က အကြောင်းကြားတယ်။ သူတိုရဲ့ Bill ဌာန ကို ၇ ရက်နေ့က အကြောင်းကြားထားပါတယ်တဲ့ ၆ ရက်နေ့ကနေ ၂၀ ရက်နေ့ အထိ ရုံးက ပိတ်လိုက်လို့ပါတဲ့ ဒေါသက ပိုထွက်သွားပြီ Viber ရယ် 8440 ရယ်ကို ဖုန်းဆက်ထားတာရယ် CB Bank ဘက်ကိုလည်း Complain တင်ပြီးပြီဆိုတာရယ်ကို ၂.၄.၂၀၂၀ ကတည်းက ပြန်ပြောထားတာကို Customer Service ဘက်ကို Mail ပို့တော့မှ ထပြီး အကြောင်းကြားတယ်ဆိုတော့ အဲ့ Viber နဲ့ 8440 က ဘာလား။ အလုပ်မလုပ်တာလား။ သက်ဆိုင်ရာ ဌာနကို ဆက် အကြောင်းမကြားတာလား။ ထပ်ပြီး ပြဿနာ မရှာချင်တော့လို့ ဒေါသကို ပဲ မျိုချလိုက်တယ်။

ဪ ကောင်းတော့လည်းကောင်းပါတယ်။ ပြန်ရမယ်ဆိုတော့လည်း သူတို့ဆီမှာ ဆုထားသလိုမျိုး ဖြစ်တာပေါ့။ ပြန်ပေးဖို့ အဆင်မပြေဘူးဆိုတော့လည်း ၁၀ လစာ တစ်ခါတည်း သွင်းထားလိုက်တဲ့ သဘောဖြစ်သွားတာပေါ့။
မကောင်းတော့လည်း မကောင်းဘူး။ ဝယ်ဖို့ စဉ်းစားထားတာလေးတွေ မဝယ်ရတော့ဘူးပေါ့။ မဝယ်ဖြစ်တာလည်း ကောင်းပါတယ်။ အခုဆို ရန်ကုန်မှာက တစ်ယောက်တည်း စားဖို့ကရှိသေးတယ်။ လက်ထဲ ငွေရှိမှ နောက်မို့ဆို ဘယ်သူ့ဆီက အကူအညီတောင်းရမှန်း မသိနဲ့။

ကိုမြင့်နိုင်ကြီး ( Facebook မှာ နယ်က အဘွားတစ်ယောက် ပြောသံ ) အကြောင်းပါဆို ငွေမှားသွင်းမိတဲ့ အကြောင်းဖြစ်သွားပြီ။ COVID-19 က အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးတဲ့ အသေးစိတ်ကိုတော့ အင်တာနက်မှာသာ ရှာဖတ်ကြည့်ပါဗျာ။ ဆွေးနွေနိုင်တဲ့ အကြောင်းအရာ၊ ဗဟုသုတ ရနိုင်မယ့် အကြောင်းအရာတွေလည်း မရှာတတ် မပြောတတ်နဲ့ မို့လို့ပါ။ အစကတော့ တစ်ယောက်နဲ့ တစ်ယောက် ၃ပေ အကွာ။ နောက်တော့ ၆ ပေနဲ့ အခု ၂၃ ပေလောက်အတွင်းကို ပိုးက လေထဲမှာ ပျံ့နှံ့ နေနိုင်တယ်တဲ့ ဆိုတော့ အဖေတောင် မနက် ထပြီး လမ်းမလျှောက်တော့ဘူး။ နှစ်ဘက် မိဘတွေကတော့ ပင်စင်စားတွေဆိုတော့ သူတို့က အလိုလို Self Quarantine ပဲ နေကြတာများပါတယ်။ ရောဂါ မပျံ့ခင်ကလည်း အိမ်ထဲပဲနေ၊ ဘယ်မှ မသွား၊ စားစရာရှိတာ စား၊ ကြည့်စရာရှိတာ ကြည့်၊ အိပ်လိုက် စားလိုက်နဲ့ တစ်နေ့တစ်နေ့ နေနေ ခဲ့တာ ကြာပေါ့။ မဟေသီရဲ့ အဖေဆို လေဖြတ်ထားတော့ ခြံထဲ မပြောနဲ့ အိမ်ရှေ့ ဆင်ဝင်အောက်ကိုတောင် ၃ လလောက်နေလို့ ၁ ခါတောင် မနေဘူး။ ဧည့်ခန်း အိပ်ခန်းနဲ့တင် နေလာတာ ၄ နှစ်လောက် ရှိတော့မယ်။ အိမ် အပြင်ဆိုတာက အဝေးကြီးပဲ။

လက်ကိုတော့ ခဏခဏ ဆေးဆိုလို့ အပြင်ဈေးထွက်ဝယ်ဖို့ကို အိမ်မှာ တစ်ခါဆေး၊ ဆိုင်ရောက်တော့ တစ်ခါ ထပ်ဆေး။ အိမ်ရောက်ရင် တစ်ခါဆေး။ အဲ့တော့ အပြင်တစ်ခါထွက်ရင် လက်ဆေးရတာ ၃ခါလောက်ရှိတယ်။ ညနေ အမေတို့ အိမ်ဘက် သွားလည်း ဒီဘက် အိမ်ကအထွက်မှာ တစ်ခါဆေး၊ လမ်းမှာ ဘယ်မှ မဝင်၊ အမေတို့ အိမ်ရောက်တာနဲ့ ဆေး ဆိုင်ကယ် ကို Dettol နဲ့ ဖြန်း၊ ညစာစားပြီး ပြန်ရင်လည်း အမေတို့အိမ်ကမထွက်ခင် လက်ဆေး၊ ဘယ်မှ မဝင်၊ မဟေသီ အိမ်ရောက်တော့ တစ်ခါ လက်ဆေးနဲ့။ တစ်နေ့ကို ၇ ခါလောက် အနည်းဆုံး လက်ကိုဆေးဖြစ်တယ်။ အဲ့တော့ အပြင်သွားလို့ အသားကတော့ မည်းပါရဲ့ လက်ဖမိုးနဲ့ လက်ဖဝါးလေးကတော့ ဖြူဖွေးနေတာပဲ။

နှာခေါင်းစည်း Mask ကလည်း အရင် ခွဲစိတ်ခန်းသုံးတွေ တပ်တာ ကူးနိုင်ခြနည်းတယ်တဲ့။ နောက်တော့ ပစ္စည်း မလောက်မှာမို့လို့လား မသိဘူး။ အိမ်တွင်း ပိတ်စနဲ့ ချုပ်ပြီး ဝတ်ထားရင်လည်း အထိုက်အလျောက်ကာကွယ်တယ်ဆိုလို့ မဟေသီက ၃ ခုချုပ်ပေးလိုက်တယ်။ ကိုယ်တိုင်လည်း တစ်ခု ချုပ်ဖြစ်တယ်။


ဝေဖာသား ဖုန်းဝယ်ရင် ထည့်ပေးတဲ့ အိတ်၊ တစ်သျှူးအစို၊ စပန့်သား နဲ့ ၃ ထပ်ချုပ်ထားတာ။ နှာခေါင်းနားက အမာလေးနဲ့ သရေကြိုး မရှိလို့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းက သံလေးနဲ့ ကြိုးကို ဖြုတ်ပြီး ပြန်တပ်လိုက်တယ်။ ပိတ်စ ပုံစံငယ်ကတော့ မဟေသီက ဆွဲပေးတဲ့ အတိုင်း ဖြတ်ပြီး ချုပ်လိုက်တာ။ ပုံစံက ပုဆိန်ခေါင်းပုံစံလေးနဲ့တူတယ်။ အခြား DIY Mask ချုပ်နည်း တွေတော့လည်း ရှိကြပါတယ်။

နောက်တစ်ခုက Folding@Home လည်း လုပ်ဖြစ်တယ်။ စစချင်းတစ်ခေါက်ကတော့ ဘာမှန်း မသိဘူး။ ၅ရက်လောက်ကြာတယ်။ ဖတ်ပြီး ဒီအတိုင်း ပဲ မေ့မေ့ ပျောက်ပျောက်ပေါ့။ နောက်တော့ FB မှာတွေ့ရများလာတော့ လုပ်ကြည့်မယ်ဟဆိုပြီးတော့ Laptop လေးမှာ Client လေး သွင်းပြီး စမ်းတော့တာပဲ။ အကြမ်းအားဖြင့် ဗိုင်းရပ်တွေရဲ့ Protein Folding လုပ်တဲ့နေရာမှာ ကိုယ်သုံးနေတဲ့ Laptop ရဲ့ CPU နဲ့ GPU ကို မျှပြီး ပေးလိုက်မယ်ဆိုရင် ှSuper Computer နဲ့ တွက်ချက်နေတာထက်ကို ပိုပြီး မြန်မြန်ဆန်ဆန် တွက်ချက်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ကြတာ။ မလုပ်ဖြစ်ခဲ့တာတော့ သင်္ကြန်တွင်း တစ်တွင်း လုံးပဲ။ နောက်ဆုံးနေ့အထိ လုပ်ခဲ့တာတော့
ဒီလောက်လေးပဲ ရှိသေးတယ်။ ကျန်တဲ့သူတွေကတော့ ကိုယ့်ထက် အများကြီးပဲ Laptop လေးနဲ့ဆိုတော့ သိပ်လည်း မလုပ်ရဲဘူး။

ဂိမ်းကလည်း ဘာဆော့ရမှန်း မသိ။ ဆော့လည်း မဆော့ချင်၊ Programming Language လေ့လာဖို့ကလည်း စိတ်မပါ။ ရေးလည်း မရေးချင်နဲ့။ ဘာမှ မဖြစ်ဘဲ အရည်အသွေးတွေကတော့ တစ်ဖြည်းဖြည်းနဲ့ကျစ ပြုလာပြီ။ Rubik's Cube ကလည်း လှည့်တော့လှည့်တာပဲ ၄၅-၅၀ စက္ကန့်ကနေကို မကျတော့ဘူး။ အတုံးတော့ ကောင်းကောင်းလေး တစ်တုံး ဝယ်ရမယ်။

အခုလာမယ့် လကုန် အထိ ရက်အတွင်းမှာ 7 minute Workout လေ့ကျင့်ခန်း နေ့စဉ်လုပ်ဖို့တော့ စဉ်းစားနေတာပဲ။ အပျင်းပဲ ဆက်မလား လုပ်ဖြစ်မလားဆိုတာတော့ ဆက်လက်ကြည့်ရှု ပေးပါရန်

Comments

Popular posts from this blog

နိုင်ငံခြားဇာတ်လမ်းများအား ဗမာစာတန်းထိုး ဘာသာပြန်ခြင်း

မင်္ဂလာပါ ကျွန်တော် Blog မရေးဖြစ်တာတ​ော်တ​ော် ကြာတယ်။ ဒီလိုပါပဲ Facebook နဲ့ ဂိမ်းဆ​ော့ဖို့အတွက်ဆို ဖုန်းဘေလ်က ရှိပေမယ့် အသိပညာ ဗဟုသုတ အတွက်ဆို ဖုန်းဘေလ် မရှိဘူး ဖြစ်နေတယ်။ အကျင့်က မကောင်းတာပါဗျာ။ လောလောဆယ်တော့ ကျွန်တ​ော် ဘာလုပ်ဖြစ်နေလဲဆိုတော့ ကျွန်တော် နိုင်ငံခြား ဗွီဒီယိုတွေရဲ့ စာတန်း ထိုးတွေကို ဗမာစတန်းထိုး ဘာသာလိုက်ပြန်နေတယ်။ ဘာသာပြန်ရတာက အချိန်တော့ကြာတယ်။ တစ်ကား တစ်ကားကို ဘာသာပြန်ရတဲ့ အက​ြောင်းအရေအတွက်က ၂၀၀၀ ကျော်မှာရှိတယ်။ ဒါနဲ့များမင်းကွာ ဗမာစာတန်းထိုးပါပြီးသား ဒီဗွီဒီ အခွေတွေ ဝယ်ကြည့်လို့ရရဲ့သားနဲ့ အချိန်ကုန်လို့ကွာ အရေးမကြီးတဲ့ဟာတွေနဲ့ အချိန်ကုန်နေတယ်လို့ ပြောမယ်ဆိုလည်း အပြောခံရမှာပါပဲ။ အချိန်ကြာတာကတော့ တော်တော်လေးကို ကြာတာဗျာ ... အလုပ်ကလည်း တစ်ဘက်နဲ့ဆိုတော့ ကျွန်တော့်မှာ ညလ​ေးကိုပဲ အချိန်လုပြီး ဘာသာပြန်ရသေးတယ်။ မနက်ကျရင်လည်း ၆:၄၅ လောက် ဖယ်ရီ စီးဖို့ကို ၅ နာရီလောက် ပြန်ထရသေးတယ်။ ညဆို စားပြီးသောက်ပြီး ၉နာရီလောက်က စပြီးလုပ်။ ၁၂ နာရီလောက်ဆိုအိပ် နဲ့ တစ်နေ့ ၃နာရီလောက်နဲ့ ဘာသာပြန်ရတာ။ အဲ့လို ဘာသာပြန်လို့ ဇာတ်လမ်း ပြီးခါနီးလောက်ပြီလို့ မထင်လိုက်နဲ့ဗျို့။ တစ်ဝက်တောင် မကျိုးတဲ့ အပြင်...

မြန်မာ ယူနီကုဒ် နဲ့ ပတ်သက်သမျှ - ၁

အင် ... ကျွန်တော်လည်း မအားတာရယ် ပျင်းတာရယ်နဲ့ မရေးဖြစ်တာ ကြာပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ blogspot လေးကို အလည်လာရင်း စိတ်ထဲရှိလို့ရေးလိုက်ပါတယ်။ အိမ်-ရုံး-အိမ်-နယ်-အိမ်-ရုံး-အိမ် ဆိုတော့ ဘယ်မှလဲ မသွားဖြစ်တော့ဘူးပေါ့ဗျာ ... ။ ညည အိမ်ပြန်ရောက်ရင်လည်း လုပ်စရာရှိတာလေး လုပ်ပြီး တီဗွီ ထိုင်ကြည့် ... ၁၀ ခွဲ ၁၁ လောက်ဆို အိပ် ... မနက်ကို ၇ နာရီလောက်ထ ရုံးသွားဖို့ပြင်ဆင် ၉ နာရီ ရုံးရောက် ၆နာရီ ပြန် ၊ ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက်ဆိုပါတော့ဗျာ ... ။ အင် ၂၀၁၅ ထဲတော့ ရောက် ပြီ။ Android Lollipop 5.0.1 လည်း ထွက်သွားပြီ။ ဪ Lollipop ဆိုလို့ Burmese Language အပါအဝင် အခြားသော ဘာသာစကား ၈၄ ခုလောက်ကို အထောက်အပံ့ပေးပါတယ်။ မြန်မာစာကိုတော့ မြန်မာ font သပ်သပ် ထပ်သွင်းစရာမလိုဘဲ ဖတ်နိုင်ပြီပေါ့ဗျာ ... ။ nexus 6 မှာဆိုရင် ဖုန်းတစ်ခုလုံးရဲ့ စာ အားလုံးကို မြန်မာဘာသာ စကားနဲ့ ဖတ်လို့ရသလို ရေးလို့ရနိုင်တယ်ဗျ။ မြန်မာစာလက်ကွက်ပါတစ်ခါတည်း ပါပြီးသားပါ။ nexus 4 တော့ မပြောတတ် ဘူး ။ nexus 5 မှာတော့ ဖတ်လို့ပဲ ရပါတယ်။ မြန်မာစာ လက်ကွက်လို ချင်ရင်တော့ သပ်သပ် ထပ်သွင်းရပါတယ်။ အဲ့ဒိမှာ ဇါတ်လမ်းက စပါပြီ။ ၂၀၀၈-၂၀၀၉ လောက်စလို့ လက်ရှိအချိန်ထိ အ...

ကျွန်တော့်ရဲ့ဘဝအကြောင်း ၁၆-၂-၂၀၁၂

ကျွန်တော်ရဲ့ ဘဝအကြောင်းလေးကို ဒီလိုမှတ်ထားခြင်တယ်...။ ဒီ blog ကြီးမရှိတော့ရင်ရယ်...။ ကျွန်တော် ဆက်မရေးနိုင်ရင်ရယ်...။ ဒီလိုမှတ်ထားတာတွေက အလကားဖြစ်သွားမလားဆိုတာ နည်းနည်းတော့ စိုးရိမ်တယ်ဗျ...။ ဘယ်အရာမှ မမြဲဘူးဆိုတာ သိပါတယ်...။