မင်္ဂလာပါ
ကျွန်တော် Blog မရေးဖြစ်တာတော်တော် ကြာတယ်။ ဒီလိုပါပဲ Facebook နဲ့ ဂိမ်းဆော့ဖို့အတွက်ဆို ဖုန်းဘေလ်က ရှိပေမယ့် အသိပညာ ဗဟုသုတ အတွက်ဆို ဖုန်းဘေလ် မရှိဘူး ဖြစ်နေတယ်။ အကျင့်က မကောင်းတာပါဗျာ။ လောလောဆယ်တော့ ကျွန်တော် ဘာလုပ်ဖြစ်နေလဲဆိုတော့ ကျွန်တော် နိုင်ငံခြား ဗွီဒီယိုတွေရဲ့ စာတန်း ထိုးတွေကို ဗမာစတန်းထိုး ဘာသာလိုက်ပြန်နေတယ်။ ဘာသာပြန်ရတာက အချိန်တော့ကြာတယ်။ တစ်ကား တစ်ကားကို ဘာသာပြန်ရတဲ့ အကြောင်းအရေအတွက်က ၂၀၀၀ ကျော်မှာရှိတယ်။ ဒါနဲ့များမင်းကွာ ဗမာစာတန်းထိုးပါပြီးသား ဒီဗွီဒီ အခွေတွေ ဝယ်ကြည့်လို့ရရဲ့သားနဲ့ အချိန်ကုန်လို့ကွာ အရေးမကြီးတဲ့ဟာတွေနဲ့ အချိန်ကုန်နေတယ်လို့ ပြောမယ်ဆိုလည်း အပြောခံရမှာပါပဲ။ အချိန်ကြာတာကတော့ တော်တော်လေးကို ကြာတာဗျာ ... အလုပ်ကလည်း တစ်ဘက်နဲ့ဆိုတော့ ကျွန်တော့်မှာ ညလေးကိုပဲ အချိန်လုပြီး ဘာသာပြန်ရသေးတယ်။ မနက်ကျရင်လည်း ၆:၄၅ လောက် ဖယ်ရီ စီးဖို့ကို ၅ နာရီလောက် ပြန်ထရသေးတယ်။ ညဆို စားပြီးသောက်ပြီး ၉နာရီလောက်က စပြီးလုပ်။ ၁၂ နာရီလောက်ဆိုအိပ် နဲ့ တစ်နေ့ ၃နာရီလောက်နဲ့ ဘာသာပြန်ရတာ။ အဲ့လို ဘာသာပြန်လို့ ဇာတ်လမ်း ပြီးခါနီးလောက်ပြီလို့ မထင်လိုက်နဲ့ဗျို့။ တစ်ဝက်တောင် မကျိုးတဲ့ အပြင် မိနစ် ၃၀ စာလောက်ပဲ ရှိအုံးမယ်။ မိနစ် ၃၀ ဆိုပြီးတော့လည်း နည်းတယ်လို့လည်း မထင်လိုက်နဲ့ အုံး အကြောင်းရေ ၄၀၀ နီးပါးလောက်ကို ပြန်ရတာ။ ဒီကြားထဲ ကိုမသိတဲ့ စာလုံးဆို အဘိဓာန် ပြန်ကြည့်ရ။နည်းပညာ အခေါ်အဝေါတွေဆို ဘယ်လိုဘာသာပြန်ရမလဲ စဉ်းစားရ။ ဒီကြားထဲ ကျွန်တော်တို့လိုမျိုး ဘန်းစကားတွေဆို ဆီလျော်အောင် ဘယ်လိုဘာသာပြန်ရမလဲဆိုတာ ခေါင်းတော်တော်ခြောက်ပါတယ်ဗျာ။ သူများအတွက်တော့ လွယ်ရင်လည်း လွယ်နေမှာပေါ့လေ။
အင်္ဂလိပ်စာကလည်း တောင်ဆိုမြောက်လို့ထင်နေတဲ့သူဆိုတော့ အီဆိမ့်နေတာပါပဲဗျာ။ အဲ့တော့ ဘာဖြစ်လို့ အချိန်ကုန်ခံပြီး လုပ်နေရတာလဲဆိုတော့ တစ်နည်း မသိတဲ့ စာလုံးတွေဆို ပိုသိလာရတယ်။ သူတို့ပြောချင်တဲ့ ဆိုလိုရင်းကို ပိုပြီးတိတိကျကျသိရတယ်။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့လေ ကျွန်တော်က အခုမှ စပြီး ဘာသာစပြန်တာဆိုတော့ ဝေါဟာရကလည်း မကြွယ်တော့ ဖတ်ရတာတွေက စာတွေများပြီး မချောမွတ်ဘူးဖြစ်နေတယ်။ ဒီကြားထဲ စွန့်စားခန်းဇာတ်လမ်းတို့၊ လှုပ်ရှားမှု အသားပေးဇာတ်လမ်းမျိုး မဟုတ်ဘဲ အချစ်ဇာတ်လမ်းမျိုးသာဆို သေပြီ စကားပြော အရှည်ကြီးတွေကို ပြန်ပေတော့။ သူများတွေက မသောက်ရဘဲ တိုင်ပါတ်မူးတာ ကျွန်တော်က ထိုင်လျက်ကို မူးတာဗျာ။ တကယ်လေးစားပါတယ် အခု စာတန်းထိုး အခွေတွေကို ဘာသာပြန်ပေးကြတဲ့ ဆရာများကို တကယ်လေးစားပါတယ်။ လိုအပ်ချက် ရှိတာက ရှိတာ တစ်ပိုင်းပေါ့ဗျာ။
အခုတော့ အဲ့လို ဘာသာပြန်တာ ၄ကားလောက်တော့ရှိပြီ။ ပထမဆုံး ဘာသာစပြန်တဲ့ ဇာတ်ကားက Hurt Locker။ နောက်တော့ Now You See Me။ ပြီးတော့ Avengers Age Of Ultron နဲ့ လက်ရှိ စာရေးနေချိန်မှာတော့ Tomorrow Land Beyond The World ကို ဘာသာပြန်နေတယ်။ ဘာသာပြန်တာ ဘယ်လို ဘာသာပြန်လဲဆိုတော့ အင်တာနက်မှာ ရှိတဲ့ အင်္ဂလိပ်စာတန်းထိုး ဖိုင်ကို ဆွဲယူလိုက်တယ်။ အင်တာနက်မှာ ကိုယ် ကြည့်ချင်တဲ့ ဇာတ်လမ်းအမည်ရဲ့ အင်္ဂလိပ်စာတန်းကို Google မှာ ရှာလိုက်။ ဥပမာဗျာ ကျွန်တော် အခု ဘာသာပြန်နေတဲ့ Tomorrow Land ဆိုပါစို့။ အဲ့ဒါဆို Tomorrow Land 2015 English Subtitle ဆိုပြီး Google မှာ ရှာလိုက် ဆွဲယူရမယ့် နေရာတွေကို ပြပေးလိမ့်မယ်။ အဲ့ဒီကနေ ဆွဲယူပြီး ကွန်ပျူတာကနေ စာတည်းဖြတ်တဲ့ ဆော့ဖ်ဝဲလ် တစ်ခုခုသုံးပြီး ဖွင့်။ အဲ့ဒိမှာ အင်္ဂလိပ် စာသားနေရာကို မြန်မာစာသားပြောင်းပေးလိုက်။
File Extension ကတော့ srt အမျိုးအစားပါ။ သူက စာတန်းတစ်ခါပြသဖို့ အချက် ၃ ချက်လိုတယ်ဗျ။ ပထမဆုံးတစ်ချက်က စာတန်းထိုးစာသားအတွက် အကြိမ်မြောက် အမှတ်စဉ်လိုမျိုးပေါ့ဗျာ။ ဒုတိယတစ်ချက်ကတော့ စာတန်းထိုးကို ပြမယ့် အချိန်။ ဘယ် နှမိနစ် ဘယ်နှစက္ကန့်ကနေ ဘယ်အထိ ဒီစာတန်းထိုးကို ပြမှာလဲပေါ့၊ တတိယတစ်ခုကတော့ ပြသမယ့် စာသား။ အဲ့ဒိမှာ ကျွန်တော်တို့ ပထမ တစ်ခုနဲ့ ဒုတိယတစ်ခုကို သွားမပြောင်းတာ အကောင်းဆုံးပဲ ဘာလို့လဲဆိုတော့ စာတန်းထိုးလုပ်ထားတဲ့သူက ဇာတ်လမ်းရဲ့ စကားပြောတဲ့ အချိန်နဲ့ကိုက်ပြီးလုပ်ပေးထားတော့ ကိုက တစ်ခုခု သွားပြင်လိုက်ရင် ပြောတာနဲ့ ပြတာနဲ့ မကိုက်ဖြစ်သွားမှာ အဲ့ဒိအတွက် ပြင်ရင် အရမ်းခက်ပါတယ်။ နောက်ပြီး မိနစ်တွေကိုလည်း သွားပြင်လို့မရဘူး။ သူတို့က ရှေ့နောက် အချိန်တွေကို အံ့ကိုက်လုပ်ထားတာ။ တစ်ခုပြင်လိုက်ရင် နောက်တစ်ခုမှာပါ လိုက်ပြင်ရမှာ။ ပိုဆိုးတာက မီလီစက္ကန့် အထိပါ လိုက်ထည့်ပေးရတာဆိုတော့ လုံးဝ မထိတာ အကောင်းဆုံးပါပဲ။ ဘာသာစကားကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ နည်းအတိုင်းသုံးပြီး ရေးလို့ရပါတယ်။ ဝင်းစနစ်၊ ဇော်ဂျီ၊ ယူနီကုဒ်။ ကျွန်တော်ကတော့ ယူနီကုဒ်နဲ့ပဲရိုက်ပါတယ်။ နောက်တစ်ခုက စာတန်းထိုးဖိုင်က CSS Code တွေကို ထောက်ပံ့ပေးတယ်။ အဲ့တော့ စာလုံးထူတာ စောင်းတာ အရောင်ထည့်တာတွေကို ထည့်သွင်းပြီး ရေးသားလို့ရတယ်။ စာဖတ်သူဟာ Website ရေးတဲ့ ဗဟုသုတရှိမယ်ဆိုရင်တော့ ပိုမိုလွယ်ကူတာပေါ့။
ယူနီကုဒ်နဲ့ရိုက်ပြီး ပြန်ကြည့်ရတဲ့အခါ ကွန်ပျူတာနဲ့ ပြန်ကြည့်မယ်ဆိုရင် ဖွင့်မယ့် ဆော့ဖ်ဝဲလ်တွေ အများကြီးရှိပါတယ်။ဥပမာ Window မှာဆိုရင် Pot Player ၊ MK Player စသည်ဖြင့်ပေါ့ mkv file extension ကို ထောက်ပံ့ပေးတဲ့ ဖွင့်စက်တွေဆို ကြည့်လိုရမယ်။ နောက်ပြီး Linux မှာဆိုရင် တစ်ခါတည်းပါဝင်လာပြီးသား ဖြစ်တဲ့ Video နဲ့လည်း ဖွင့်ကြည့်လို့ရပါတယ်။ Window မှာဆိုရင်တော့ Pot Player ကို ကျွန်တော် ကြိုက်တယ်။ ဘာလို့လဲဆိုတော့ စာတန်းထိုးမှာ အရောင်လေးတွေဘာတွေထည့်ထားတယ်ဆိုရင် ပြန်ပြပေးတယ်။ ကံမကောင်းစွာနဲ့ပဲ VLC Player ကတော့ ဘယ် OS မှာမှ ယူနီကုဒ်သုံးဖို့ အဆင်မပြေဘူးဗျ။
ဘာသာပြန်တာက တော်တော်လေးကို အချိန်ပေးရပါတယ်။ ဘာလို့လဲဆိုတော့ မြင်ရတဲ့ အင်္ဂလိပ်စာကို တိုက်ရိုက် အဆင်ပြေချောမွတ်အောင် ပြန်ဆိုဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ နောက်ပြီး သူက ဇာတ်လမ်းကို ကြည့်လိုက် ဘာသာပြန်လိုက်လုပ်ပေးမှ ရတယ်ဗျ။ အထူးသဖြင့် အင်္ဂလိပ်စာမှာက I, You ဆိုတာကိုပဲ သုံးပေမယ့် မြန်မာလို ဘာသာပြန်ရင်တော့ ဇာတ်လမ်းထဲမှာ ပြောလိုက်တဲ့သူက အမျိုးသား အမျိုးသမီးလား ငယ်သလား ကြီးသလား ဘာအကြောင်းအရာကို ပြောဆိုတာလဲဆိုတာ ပြန်ကြည့်မှ ဇာတ်လမ်းနဲ့ ပြန်ကြည့်တဲ့ အခါမှ ဖတ်ရတဲ့သူက အဆင်ပြေမှာပါ။ နောက်ပြီး တစ်ခါတစ်လေမှာ ကျွန်တော် စဉ်းစားတာက တစ်ချို့ သူတို့ ပြောစကားတွေကို ဗမာမှုပြုပြီး ကျွန်တော်တို့ ပြောပုံဆိုပုံမျိုးနဲ့ ပြန်မလား။ ဒါမှ မဟုတ် သူတို့အတိုင်းပြန်ရမလားဆိုတာ စိတ်ရှုပ်စရာပါ။ ဥပမာ
All will be explained ကို အရင်ပြောပြီး နောက်မှ as soon as you touch this ကို ဘာသာပြန်မယ်ဆိုရင် သူတို့ ပြောတဲ့အတိုင်း All will be explained ရဲ့ဘာသာပြန်ကို ဇာတ်ကောင်ပြောတဲ့အတိုင်း အရင်ပြမှာလား ဒါမှ မဟုတ် as soon as you touch this ရဲ့ဘာသာပြန်ကို အရင်ပြမလား။ ဗမာစကားမှာတော့ နောက်ကနေ အရင်စပြောတာဖြစ်တဲ့အတွက် အရင်ပြလိုက်ရင် ဇာတ်ကောင်ရဲ့ ပြောစကားနဲ့ လွဲသွားမှာပါ နောက်ပြီး သူတို့ပြောတဲ့အတိုင်း ပြလိုက်မယ်ဆိုရင်လည်း စကားလုံးတွေကို ထပ်ပြီးဖြည့်စွက်ရမှာပါ။ဘာပဲပြောပြော ကျွန်တော်ဘာသာပြန်တယ်ဆိုတာက ဘာမှ မတောက်တစ်ခေါက်လေး အပျော်သဘောမျိုးလုပ်ပါတာပါ။ တကယ့်ပညာရှင်ကြီးတွေကို မလေးမစားလုပ်တာမျိုးမဟုတ်ပါဘူး။ နောက်ပြီး ဘာသာပြန်စာတန်းထိုး ဇာတ်ကားများထဲက ဘာသာပြန်ဆိုသူများကိုလည်း ပျက်ရယ်မပြုလိုပါ။ ကိုယ်ချင်းစာပါတယ်။ ကိုယ်တွေက ဘာသာပြန်ဆိုတာက ရှားရှားပါးပါး တစ်ကားတစ်လေ လောက်တည်းပါ။ သူတို့ လုပ်ရတာက တကယ့်ကို အလုပ်တစ်ခုလိုမျိုးလုပ်ကိုင်ရတာဖြစ်တဲ့အတွက် အခုရေးသားတဲ့ စာစုထဲမှာ တစ်စုံတစ်ရာများ ဘာသာပြန်ဆိုသူများကို ပုတ်ခတ်သည့် သဘောမျိုး သက်ရောက်သွားခဲ့ရင် အနူးအညွှတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ။
ကျွန်တော်အရင်ကတော့ ဘာသာပြန်ဆိုတဲ့ ဖိုင်တွေဆို ဒီအတိုင်းပဲ မိမိကွန်ပျူတာထဲမှာပဲ သိမ်းထားလေ့ရှိပါတယ်။ အခုတော့ www.subsense.com မှာ ကြိုးစားပြီး ဘာသာပြန်ဆိုပြီးရင် တင်ပေးသွားပါ့မယ်။ လောလောဆယ် တင်ထားတာတော့ The Avengers: Age Of Ultron တစ်ခုပဲ ရှိပါသေးတယ်။နောက်များ ကြုံကြိုက် အားလပ်ပြီး ကျွန်တော့် Blog လေးကို ကျွန်တော် မျက်စိလည် လမ်းမှားပြီး ရောက်ခဲ့ရင် အခုလိုမျိုးပဲ စာစုတွေ ထပ်တင်ပါအုံးမယ်။
ငြိမ်းချမ်း
၂၀၁၅−၁၀−၁၃
ညနေ ၄နာရီ ၄၈ မိနစ်
ရန်ကုန်

Comments
Post a Comment