Skip to main content
ဝယ်ချင်တာတွေကများနေတယ်။ လက်ရှိမှာ အဝယ်ချင်ဆုံးက ဖုန်း။ Google Pixel 3 64GB လောက်ဆို မဆိုပါဘူး။
အမှန်ကတော့ အခုအချိန်မှာ လိုချင်တာပဲ ရှိတာပါ။ တကယ်လိုအပ်တဲ့ ပစ္စည်းကတော့ မရှိသေးပါဘူး။ ပုံမှန်စုဖြစ်တယ်။ စုတာကလည်း အခုမှ စပြီး ပြန်စုဖြစ်တာ ၆ လလောက်ပဲရှိအုံးမယ်။
အခု တစ်လောတော့ အတော် ပျင်းနေတယ်။ စိတ်ကူးတာများပြီး လက်တွေ့မှာ ဘာမှ အာရုံစိုက်ပြီး မလုပ်နိုင်သေးဘူး။ တစ်နေရာကို ရောက်ဖို့ တစ်ခုခုလုပ်ဖို့ ရည်မှန်းချက်တော့ထားတာပဲ။ ဒါပေမယ့် အဲ့နေရာကိုသွားဖို့အတွက် ခြေလှမ်း တစ်လှမ်း၊ လှေကားတစ်ထစ်တောင် မလှမ်း ဖြစ်သေးဘူး။ ကိုယ့်ကိုယ်ကို သိပြီး မပြင်နိုင်တာ အတော်ဆိုးတာပဲ။
App တွေဖုန်းထဲသွင်းထားပြီး တကယ်တမ်းကြ လိုက်မလုပ်ဖြစ်တာ အတော်ကြာပြီ ဥပမာ ၇မိနစ်စာ လေ့ကျင့်ခန်းလုပ်တာ။ နေ့တိုင်း ဘုရားရှိခိုး တရားထိုင်တာ။ စိတ်ထဲမှာတော့ ငါ ဒီနေ့လုပ်မယ်ဆိုပြီး တကယ်တမ်းကြတော့ ရုပ်ရှင်ကြည့်ဖြစ်တာ နဲ့ပဲ အချိန်ကုန်နေတယ်။ ကတိပေးထားပြီး မတည်သလိုပဲ။ အင်တာနက်ဖိုးကလည်း တော်တော် အကုန်များတယ်။ ဗီဒီယို ကြည့်တာနဲ့ အချိန်ကုန်ပြီးသွားရင်လည်း ငါကွာ မကြည့်ဘဲ တစ်ခြားဟာ လုပ်လိုက်ရင် ကောင်းသားဆိုတဲ့ နောင်တလည်း ရတယ်။
ဒါပေမယ့် ပိုက်ဆံနည်းနည်း ရှိတုန်းလေး ချွေတာစားပြီး Myanmar Net Mini WiFi စက်တော့ ဝယ်ဖြစ်အောင် ဝယ်မှ ရမယ်။ ဖုန်း အင်တာနက်နဲ့ဆို မခံနိုင်ဘူး။ နောက်ပြီး အခန်းထဲမှာလည်း သုံးချင်သေးတယ်။ မဟေသီလေး လာတော့ နှစ်ယောက်သုံးရမှာလည်း ရှိသေးတယ်လေ။ အခု ဒီအတိုင်း ငွေဖြည့်ကဒ်နဲ့သုံးနေတာက တစ်ခါချိတ်ရင် စက်တလုံးပဲ သုံးနေတာ ဆိုတော့ အဆင်မပြေဘူး။ အိမ်ရှေ့ကို ထွက်ထွက် ပြီး သုံးမှ လိုင်းမိတယ်။ "မြန်မာနက် အဝသုံး" ဆိုတဲ့ အတိုင်း အိမ်အဝမှာသုံးမှ လိုင်းမိတယ်။

Comments

Popular posts from this blog

နိုင်ငံခြားဇာတ်လမ်းများအား ဗမာစာတန်းထိုး ဘာသာပြန်ခြင်း

မင်္ဂလာပါ ကျွန်တော် Blog မရေးဖြစ်တာတ​ော်တ​ော် ကြာတယ်။ ဒီလိုပါပဲ Facebook နဲ့ ဂိမ်းဆ​ော့ဖို့အတွက်ဆို ဖုန်းဘေလ်က ရှိပေမယ့် အသိပညာ ဗဟုသုတ အတွက်ဆို ဖုန်းဘေလ် မရှိဘူး ဖြစ်နေတယ်။ အကျင့်က မကောင်းတာပါဗျာ။ လောလောဆယ်တော့ ကျွန်တ​ော် ဘာလုပ်ဖြစ်နေလဲဆိုတော့ ကျွန်တော် နိုင်ငံခြား ဗွီဒီယိုတွေရဲ့ စာတန်း ထိုးတွေကို ဗမာစတန်းထိုး ဘာသာလိုက်ပြန်နေတယ်။ ဘာသာပြန်ရတာက အချိန်တော့ကြာတယ်။ တစ်ကား တစ်ကားကို ဘာသာပြန်ရတဲ့ အက​ြောင်းအရေအတွက်က ၂၀၀၀ ကျော်မှာရှိတယ်။ ဒါနဲ့များမင်းကွာ ဗမာစာတန်းထိုးပါပြီးသား ဒီဗွီဒီ အခွေတွေ ဝယ်ကြည့်လို့ရရဲ့သားနဲ့ အချိန်ကုန်လို့ကွာ အရေးမကြီးတဲ့ဟာတွေနဲ့ အချိန်ကုန်နေတယ်လို့ ပြောမယ်ဆိုလည်း အပြောခံရမှာပါပဲ။ အချိန်ကြာတာကတော့ တော်တော်လေးကို ကြာတာဗျာ ... အလုပ်ကလည်း တစ်ဘက်နဲ့ဆိုတော့ ကျွန်တော့်မှာ ညလ​ေးကိုပဲ အချိန်လုပြီး ဘာသာပြန်ရသေးတယ်။ မနက်ကျရင်လည်း ၆:၄၅ လောက် ဖယ်ရီ စီးဖို့ကို ၅ နာရီလောက် ပြန်ထရသေးတယ်။ ညဆို စားပြီးသောက်ပြီး ၉နာရီလောက်က စပြီးလုပ်။ ၁၂ နာရီလောက်ဆိုအိပ် နဲ့ တစ်နေ့ ၃နာရီလောက်နဲ့ ဘာသာပြန်ရတာ။ အဲ့လို ဘာသာပြန်လို့ ဇာတ်လမ်း ပြီးခါနီးလောက်ပြီလို့ မထင်လိုက်နဲ့ဗျို့။ တစ်ဝက်တောင် မကျိုးတဲ့ အပြင်...

မြန်မာ ယူနီကုဒ် နဲ့ ပတ်သက်သမျှ - ၁

အင် ... ကျွန်တော်လည်း မအားတာရယ် ပျင်းတာရယ်နဲ့ မရေးဖြစ်တာ ကြာပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ blogspot လေးကို အလည်လာရင်း စိတ်ထဲရှိလို့ရေးလိုက်ပါတယ်။ အိမ်-ရုံး-အိမ်-နယ်-အိမ်-ရုံး-အိမ် ဆိုတော့ ဘယ်မှလဲ မသွားဖြစ်တော့ဘူးပေါ့ဗျာ ... ။ ညည အိမ်ပြန်ရောက်ရင်လည်း လုပ်စရာရှိတာလေး လုပ်ပြီး တီဗွီ ထိုင်ကြည့် ... ၁၀ ခွဲ ၁၁ လောက်ဆို အိပ် ... မနက်ကို ၇ နာရီလောက်ထ ရုံးသွားဖို့ပြင်ဆင် ၉ နာရီ ရုံးရောက် ၆နာရီ ပြန် ၊ ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက်ဆိုပါတော့ဗျာ ... ။ အင် ၂၀၁၅ ထဲတော့ ရောက် ပြီ။ Android Lollipop 5.0.1 လည်း ထွက်သွားပြီ။ ဪ Lollipop ဆိုလို့ Burmese Language အပါအဝင် အခြားသော ဘာသာစကား ၈၄ ခုလောက်ကို အထောက်အပံ့ပေးပါတယ်။ မြန်မာစာကိုတော့ မြန်မာ font သပ်သပ် ထပ်သွင်းစရာမလိုဘဲ ဖတ်နိုင်ပြီပေါ့ဗျာ ... ။ nexus 6 မှာဆိုရင် ဖုန်းတစ်ခုလုံးရဲ့ စာ အားလုံးကို မြန်မာဘာသာ စကားနဲ့ ဖတ်လို့ရသလို ရေးလို့ရနိုင်တယ်ဗျ။ မြန်မာစာလက်ကွက်ပါတစ်ခါတည်း ပါပြီးသားပါ။ nexus 4 တော့ မပြောတတ် ဘူး ။ nexus 5 မှာတော့ ဖတ်လို့ပဲ ရပါတယ်။ မြန်မာစာ လက်ကွက်လို ချင်ရင်တော့ သပ်သပ် ထပ်သွင်းရပါတယ်။ အဲ့ဒိမှာ ဇါတ်လမ်းက စပါပြီ။ ၂၀၀၈-၂၀၀၉ လောက်စလို့ လက်ရှိအချိန်ထိ အ...

ကျွန်တော့်ရဲ့ဘဝအကြောင်း ၁၆-၂-၂၀၁၂

ကျွန်တော်ရဲ့ ဘဝအကြောင်းလေးကို ဒီလိုမှတ်ထားခြင်တယ်...။ ဒီ blog ကြီးမရှိတော့ရင်ရယ်...။ ကျွန်တော် ဆက်မရေးနိုင်ရင်ရယ်...။ ဒီလိုမှတ်ထားတာတွေက အလကားဖြစ်သွားမလားဆိုတာ နည်းနည်းတော့ စိုးရိမ်တယ်ဗျ...။ ဘယ်အရာမှ မမြဲဘူးဆိုတာ သိပါတယ်...။