Skip to main content

၂၀၁၄-၀၁-၂၉ ညနေ ၃း၃၉

ကဲ ...
ဒီနေ့တော့ PHP Project အသစ် Assign ချခံရတယ်ဗျို့။ အင်... C # ဘက်ကတော့ ဘာ Fixes တွေထပ်ထွက်လာအုံးမလဲတော့ မသိဘူး။ ဒါတောင် ပြင်ဖို့ တစ်ခုကျန်သွားလို့။ ဪ ကျွန်တော် အခု ဒီ Post ကိုရေးနေတဲ့အချိန်နဲ့ Blog ကို Create လုပ်တဲ့ အချိန်နဲ့ကြားထဲမှာ တော်တော်လေး ဘာမှမတင်ဘဲ ထားထားတာ ၂ နှစ်လောက်တောင်ကြာသွား။ ကြာဆို စင်္ကာပူကနေ မြန်မာပြည်ကို ပြန်လာခဲ့တာကို...။ ရန်ကုန်ကို ပြန်ရောက်တော့ သိတဲ့ အတိုင်း Connection က မကောင်း၊ Internet ဆိုင်ကလည်း သိပ်မထိုင်ဖြစ်နဲ့... ရေးတဲ့ဘက်ဆီကို အချိန်မရောက်တော့ဘူးပေါ့ဗျာ..။ အဲ့ဒါနဲ့ပဲ ဟိုအလုပ်လျှောက် ဒီအလုပ်လျှောက်ရင်း ကံကောင်းစွာနဲ့ KMD မှာ Programmer အနေနဲ့ အလုပ်ရခဲ့တယ်ပေါ့ဗျာ..။ Interview မှာ HDSE သင်တန်းတုန်းက ဆရာမနဲ့တွေ့ပြီး SoftComm Technology ကိုရောက်သွားတာပေါ့..။ အဲ့ဒိမှာကစလို့ Programmer ရဲ့ ဘဝကိုစခဲ့တယ်လိုပဲ ဆိုပါစို့။ အဲ့ဒိက ရတဲ့ ပညာနဲ့ အခုအထိ အလုပ်လုပ်နေတယ်ပေါ့ဗျာ...။ ၂ နှစ်လောက် KMD မှာ လုပ်ပြီးသွားတော့ ၂၀၁၂ ၁၂ လပိုင်းလောက်မှာ အချိန်တွေနောက်ကျကုန်မှာစိုးပြီး မနေနိုင်တော့လို့ မိဘကို အတင်းပူဆာပြီး အိမ်ထောင်လေးပြုခဲ့ပြန်တယ်...။ အဲ အိမ်ထောင်မပြုခင် ၃ လလောက် အလိုမှာ KMD ကနေ မရမက အတင်းထွက်ခဲ့တယ်ဗျို့။ ဒါတောင် စိတ်ပါပါ မပါပါ ဆက်လုပ်မယ်ဆိုရင်တောင် ဆက်လုပ်ရမယ့် သဘောမှာရှိတယ်..။ Project Manager ဒေါ်အေးဝါဝါထွန်းကလည်း တယ်လည်း ဆွဲထားတာကိုဗျ...။ အဲနောက်တော့ ၆လလောက် အစ်ကိုဝမ်းကွဲနဲ့ ကားပြုပြင်တဲ့ ဆီမှာ တွဲလုပ်လိုက်သေးတယ်။ နေရာကတော့ ဦးလေး ကားဝပ်ရှော့မှာပေါ့...။ ဦးလေး အမည်က ဦးရဲထွဋ် ကားဝပ်ရှော့က ဆရာချစ်နှင့်တပည့်များ. နေရာက လင့်လမ်း အဲ့ဒိကနေ နေရာ အသစ်ပြောင်းဖို့လိုက်စုံစမ်းရင်းနဲ့ကိုပဲ အကြောင်းကြောင်းကြောင့် အလုပ်အသစ်ကို ရှာခဲ့ရတော့တယ်။ အကြောင်းအရာတစ်ခုချင်းစီကိုရေးဖို့ကတော့ နောက်များ အသက်ကြီးလို့ အချိန်ရရလို့ မှတ်မိနေသေးရင် ရေးမယ်လို့တော့ စိတ်ကူးထားတယ်။ အခုတော့ ၂၀၁၄ ရှေ့လျှောက်ဖြစ်မယ့်ဟာလေးတွေကို ရေးမယ်လို့တော့ စိတ်ကူးထားတယ်..။ ရေးမယ်ဆိုရင်တော့ ရေးမဆုံးပေါင်ပေါ့ဗျာ...။ အခုအလုပ်ကတော့ Balanced Consultancy Co,.Ltd ဆိုတဲ့ ကုမ္ပဏီမှာပါ။ သူက Singapore based Company တစ်ခုဖြစ်ပြီး Web application တွေရေးတာများတယ်...။ PHP နဲ့ပေါ့..။ IDE ကတော့ PphStorm ကိုသုံးတယ်။ PhpStorm က မဆိုးဘူး သုံးလို့ တော်တော် အဆင်ပြေတယ်။ Free Version မဟုတ်ဘူး...။ Creck Version ပဲ...။ ကဲ ဒီ Post ကို ဒီမှာပဲ အဆုံးသတ်ပြီး နောက်ထပ် Post အသစ် တစ်ခုကို ပြောင်းလိုက်တော့မယ်ဗျို့။ တော်တော်လေးတော့ ပြောဖို့ကောင်းပါတယ်...။ 

Comments

Popular posts from this blog

နိုင်ငံခြားဇာတ်လမ်းများအား ဗမာစာတန်းထိုး ဘာသာပြန်ခြင်း

မင်္ဂလာပါ ကျွန်တော် Blog မရေးဖြစ်တာတ​ော်တ​ော် ကြာတယ်။ ဒီလိုပါပဲ Facebook နဲ့ ဂိမ်းဆ​ော့ဖို့အတွက်ဆို ဖုန်းဘေလ်က ရှိပေမယ့် အသိပညာ ဗဟုသုတ အတွက်ဆို ဖုန်းဘေလ် မရှိဘူး ဖြစ်နေတယ်။ အကျင့်က မကောင်းတာပါဗျာ။ လောလောဆယ်တော့ ကျွန်တ​ော် ဘာလုပ်ဖြစ်နေလဲဆိုတော့ ကျွန်တော် နိုင်ငံခြား ဗွီဒီယိုတွေရဲ့ စာတန်း ထိုးတွေကို ဗမာစတန်းထိုး ဘာသာလိုက်ပြန်နေတယ်။ ဘာသာပြန်ရတာက အချိန်တော့ကြာတယ်။ တစ်ကား တစ်ကားကို ဘာသာပြန်ရတဲ့ အက​ြောင်းအရေအတွက်က ၂၀၀၀ ကျော်မှာရှိတယ်။ ဒါနဲ့များမင်းကွာ ဗမာစာတန်းထိုးပါပြီးသား ဒီဗွီဒီ အခွေတွေ ဝယ်ကြည့်လို့ရရဲ့သားနဲ့ အချိန်ကုန်လို့ကွာ အရေးမကြီးတဲ့ဟာတွေနဲ့ အချိန်ကုန်နေတယ်လို့ ပြောမယ်ဆိုလည်း အပြောခံရမှာပါပဲ။ အချိန်ကြာတာကတော့ တော်တော်လေးကို ကြာတာဗျာ ... အလုပ်ကလည်း တစ်ဘက်နဲ့ဆိုတော့ ကျွန်တော့်မှာ ညလ​ေးကိုပဲ အချိန်လုပြီး ဘာသာပြန်ရသေးတယ်။ မနက်ကျရင်လည်း ၆:၄၅ လောက် ဖယ်ရီ စီးဖို့ကို ၅ နာရီလောက် ပြန်ထရသေးတယ်။ ညဆို စားပြီးသောက်ပြီး ၉နာရီလောက်က စပြီးလုပ်။ ၁၂ နာရီလောက်ဆိုအိပ် နဲ့ တစ်နေ့ ၃နာရီလောက်နဲ့ ဘာသာပြန်ရတာ။ အဲ့လို ဘာသာပြန်လို့ ဇာတ်လမ်း ပြီးခါနီးလောက်ပြီလို့ မထင်လိုက်နဲ့ဗျို့။ တစ်ဝက်တောင် မကျိုးတဲ့ အပြင်...

Myanmar Unicode Area အတွက် Logo ပုံစံ အသစ်

dotted circle က မြန်မာယူနီကုဒ်အတွက် အရေးပါတဲ့ အရာမိုလို့သုံးလိုက်တာ ယူနီကုဒ်ကိုယ်စားအနေနဲ့လည်းပါတယ်။ နောက်ပြီး ဧရိယာကိုလည်း ကိုယ်စားပြုတယ်။(မြေပုံမှာပြရင် တိုင်းတာမှုက ဧရိယာအကျယ်ဘယ်လောက်ရှိတယ်ဆိုတာ အဝိုင်းပုံလေးတွေနဲ့ပြတယ်လေ) ကကြီးကတော့ မြန်မာစာလုံးပေါ့ (ရေးနေရင်းနဲ့တောင် စက်ဝိုင်းပုံစံလုပ်မလားစဉ်းစားမိသေးတယ်။ မြန်မာစာလုံးတွေက ဝလုံးကို အခြေခံပြီး ဆွဲတာကို)  mua ရဲ့ စာလုံးကို ပုံပေါ်အောင် လိုင်းတွေနဲ့ ချိတ်ဆက်လိုက်တယ် ( အဲ့ဒိလိုင်းဆွဲတာတော့ သေသေချာချာ ပြန်ဆွဲရအုံးမယ်) မြန်မာနိုင်ငံကမိုလို့ ဝါ စိမ်း နီ ကို ဖြည့်ထားတယ်။ အပြာရောင်ကတော့ ဝါစိမ်းနီနဲ့လိုက်ဖက်လို့ရယ် မိုးကောင်းကင်နဲ့ တစ်ခြားသော ကောင်းတဲ့အချက်တွေကို ရည်ညွှန်းပြီးဆွဲလိုက်တယ်။ အခု logo ကတော့ logo တစ်ခု ရှိသင့်ရှိထိုက်တဲ့ အချက်လေးတွေ တော်တော်များများ ထည့်ဆွဲထားပါတယ်။ ဥပမာ Golden Ratio နဲ့ကိုက်ပြီးတော့ဆွဲတယ်။ Black and White သုံးမယ်ဆိုလည်း အဆင်ပြေအောင်ရယ် ဖော်ပြချင်တဲ့အရာကို ပေါ်လွင်အောင်ရယ် ထည့်ဆွဲထားတာတွေပေါ့ဗျာ ဒါကတော့ Letter Head တို့ ပုံနှိပ်ထုတ်ဝေရင်သုံးမယ့် ပုံစံငယ်ပေါ့။ ဒီဇိုင်းထွက်လာဖို့ကို ရှေ့မှာ ပုံစံတွေအမ...