Skip to main content

စတင်ခြင်း ၁၆-၂-၂-၁၂

ကျွန်တော် အမည်ကတော့ ငြိမ်းချမ်း ပါ။ ကျွန်တော် google ရဲ့ blogspot မှာ Unsaid Words ဆိုပြီးတော့ blog တစ်ခုကို ၁၆-၂-၂၀၁၂ မှာစပြီး ဖန်တီးခဲ့တယ်။ ကျွန်တော်က မြန်မာလူမျိုးပါ..။ကျွန်တော်က Programmer ပေါ့...။ ကျွန်တော့်ရဲ့စိတ်ထဲမှာ မပြောဖြစ်လိုက်တဲ့ အကြောင်းအရာတွေရှိခဲ့ရင် ဒီမှာလာပြီး မှတ်ထားလို့ရအောင်လို့ပါ...။ Diary သဘောမျိုးပေါ့ဗျာ...။

Popular posts from this blog

နိုင်ငံခြားဇာတ်လမ်းများအား ဗမာစာတန်းထိုး ဘာသာပြန်ခြင်း

မင်္ဂလာပါ ကျွန်တော် Blog မရေးဖြစ်တာတ​ော်တ​ော် ကြာတယ်။ ဒီလိုပါပဲ Facebook နဲ့ ဂိမ်းဆ​ော့ဖို့အတွက်ဆို ဖုန်းဘေလ်က ရှိပေမယ့် အသိပညာ ဗဟုသုတ အတွက်ဆို ဖုန်းဘေလ် မရှိဘူး ဖြစ်နေတယ်။ အကျင့်က မကောင်းတာပါဗျာ။ လောလောဆယ်တော့ ကျွန်တ​ော် ဘာလုပ်ဖြစ်နေလဲဆိုတော့ ကျွန်တော် နိုင်ငံခြား ဗွီဒီယိုတွေရဲ့ စာတန်း ထိုးတွေကို ဗမာစတန်းထိုး ဘာသာလိုက်ပြန်နေတယ်။ ဘာသာပြန်ရတာက အချိန်တော့ကြာတယ်။ တစ်ကား တစ်ကားကို ဘာသာပြန်ရတဲ့ အက​ြောင်းအရေအတွက်က ၂၀၀၀ ကျော်မှာရှိတယ်။ ဒါနဲ့များမင်းကွာ ဗမာစာတန်းထိုးပါပြီးသား ဒီဗွီဒီ အခွေတွေ ဝယ်ကြည့်လို့ရရဲ့သားနဲ့ အချိန်ကုန်လို့ကွာ အရေးမကြီးတဲ့ဟာတွေနဲ့ အချိန်ကုန်နေတယ်လို့ ပြောမယ်ဆိုလည်း အပြောခံရမှာပါပဲ။ အချိန်ကြာတာကတော့ တော်တော်လေးကို ကြာတာဗျာ ... အလုပ်ကလည်း တစ်ဘက်နဲ့ဆိုတော့ ကျွန်တော့်မှာ ညလ​ေးကိုပဲ အချိန်လုပြီး ဘာသာပြန်ရသေးတယ်။ မနက်ကျရင်လည်း ၆:၄၅ လောက် ဖယ်ရီ စီးဖို့ကို ၅ နာရီလောက် ပြန်ထရသေးတယ်။ ညဆို စားပြီးသောက်ပြီး ၉နာရီလောက်က စပြီးလုပ်။ ၁၂ နာရီလောက်ဆိုအိပ် နဲ့ တစ်နေ့ ၃နာရီလောက်နဲ့ ဘာသာပြန်ရတာ။ အဲ့လို ဘာသာပြန်လို့ ဇာတ်လမ်း ပြီးခါနီးလောက်ပြီလို့ မထင်လိုက်နဲ့ဗျို့။ တစ်ဝက်တောင် မကျိုးတဲ့ အပြင်...

၂၀၁၄-၀၁-၂၉ ညနေ ၃း၃၉

ကဲ ... ဒီနေ့တော့ PHP Project အသစ် Assign ချခံရတယ်ဗျို့။ အင်... C # ဘက်ကတော့ ဘာ Fixes တွေထပ်ထွက်လာအုံးမလဲတော့ မသိဘူး။ ဒါတောင် ပြင်ဖို့ တစ်ခုကျန်သွားလို့။ ဪ ကျွန်တော် အခု ဒီ Post ကိုရေးနေတဲ့အချိန်နဲ့ Blog ကို Create လုပ်တဲ့ အချိန်နဲ့ကြားထဲမှာ တော်တော်လေး ဘာမှမတင်ဘဲ ထားထားတာ ၂ နှစ်လောက်တောင်ကြာသွား။ ကြာဆို စင်္ကာပူကနေ မြန်မာပြည်ကို ပြန်လာခဲ့တာကို...။ ရန်ကုန်ကို ပြန်ရောက်တော့ သိတဲ့ အတိုင်း Connection က မကောင်း၊ Internet ဆိုင်ကလည်း သိပ်မထိုင်ဖြစ်နဲ့... ရေးတဲ့ဘက်ဆီကို အချိန်မရောက်တော့ဘူးပေါ့ဗျာ..။ အဲ့ဒါနဲ့ပဲ ဟိုအလုပ်လျှောက် ဒီအလုပ်လျှောက်ရင်း ကံကောင်းစွာနဲ့ KMD မှာ Programmer အနေနဲ့ အလုပ်ရခဲ့တယ်ပေါ့ဗျာ..။ Interview မှာ HDSE သင်တန်းတုန်းက ဆရာမနဲ့တွေ့ပြီး SoftComm Technology ကိုရောက်သွားတာပေါ့..။ အဲ့ဒိမှာကစလို့ Programmer ရဲ့ ဘဝကိုစခဲ့တယ်လိုပဲ ဆိုပါစို့။ အဲ့ဒိက ရတဲ့ ပညာနဲ့ အခုအထိ အလုပ်လုပ်နေတယ်ပေါ့ဗျာ...။ ၂ နှစ်လောက် KMD မှာ လုပ်ပြီးသွားတော့ ၂၀၁၂ ၁၂ လပိုင်းလောက်မှာ အချိန်တွေနောက်ကျကုန်မှာစိုးပြီး မနေနိုင်တော့လို့ မိဘကို အတင်းပူဆာပြီး အိမ်ထောင်လေးပြုခဲ့ပြန်တယ်...။ အဲ အိမ်ထောင်မပြုခင် ၃ လလော...

မြန်မာ ယူနီကုဒ် နဲ့ ပတ်သက်သမျှ - ၁

အင် ... ကျွန်တော်လည်း မအားတာရယ် ပျင်းတာရယ်နဲ့ မရေးဖြစ်တာ ကြာပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ blogspot လေးကို အလည်လာရင်း စိတ်ထဲရှိလို့ရေးလိုက်ပါတယ်။ အိမ်-ရုံး-အိမ်-နယ်-အိမ်-ရုံး-အိမ် ဆိုတော့ ဘယ်မှလဲ မသွားဖြစ်တော့ဘူးပေါ့ဗျာ ... ။ ညည အိမ်ပြန်ရောက်ရင်လည်း လုပ်စရာရှိတာလေး လုပ်ပြီး တီဗွီ ထိုင်ကြည့် ... ၁၀ ခွဲ ၁၁ လောက်ဆို အိပ် ... မနက်ကို ၇ နာရီလောက်ထ ရုံးသွားဖို့ပြင်ဆင် ၉ နာရီ ရုံးရောက် ၆နာရီ ပြန် ၊ ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက်ဆိုပါတော့ဗျာ ... ။ အင် ၂၀၁၅ ထဲတော့ ရောက် ပြီ။ Android Lollipop 5.0.1 လည်း ထွက်သွားပြီ။ ဪ Lollipop ဆိုလို့ Burmese Language အပါအဝင် အခြားသော ဘာသာစကား ၈၄ ခုလောက်ကို အထောက်အပံ့ပေးပါတယ်။ မြန်မာစာကိုတော့ မြန်မာ font သပ်သပ် ထပ်သွင်းစရာမလိုဘဲ ဖတ်နိုင်ပြီပေါ့ဗျာ ... ။ nexus 6 မှာဆိုရင် ဖုန်းတစ်ခုလုံးရဲ့ စာ အားလုံးကို မြန်မာဘာသာ စကားနဲ့ ဖတ်လို့ရသလို ရေးလို့ရနိုင်တယ်ဗျ။ မြန်မာစာလက်ကွက်ပါတစ်ခါတည်း ပါပြီးသားပါ။ nexus 4 တော့ မပြောတတ် ဘူး ။ nexus 5 မှာတော့ ဖတ်လို့ပဲ ရပါတယ်။ မြန်မာစာ လက်ကွက်လို ချင်ရင်တော့ သပ်သပ် ထပ်သွင်းရပါတယ်။ အဲ့ဒိမှာ ဇါတ်လမ်းက စပါပြီ။ ၂၀၀၈-၂၀၀၉ လောက်စလို့ လက်ရှိအချိန်ထိ အ...